ကန့်ဘလူတွင် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ် တစ်ချိန်တည်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

ကန့်ဘလူ - ဖော်ဖော်ဝါရီ ၁၀၊ ၂၀၂၃။ 

74 Media


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို ယမန်နေ့ နံနက် ငါးနာရီက ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း သိရသည်။ 


ကန့်ဘလူမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ အထိုင်ချထားသည့် စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကိုသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။


“စခန်းကိုသိမ်းလို့ရတော့မှာ အဲ့ထဲဝင်ပြီး လက်နက်တွေဘာတွေ ကောက်တော့မယ့်အချိန်ကျတော့ ဂျက်ဖိုက်တာဝဲတာနဲ့ ပြန်ဆုတ်လာခဲ့တာ။ ဂိတ်အထဲထိဝင်နိုင်တယ်။ အနားကိုကပ်ပြီး လက်နက်ကြီးနဲ့ပစ်ပြီး အလစ်ဝင်တိုက်တာကို” ဟုပြောသည်။


အဆိုပါတိုက်ပွဲကို ကန့်ဘလူဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)၊ ကန့်ဘလူတပ်ရင်း (၃) နှင့် တပ်ရင်း (၄) တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 


တစ်ချိန်တည်းမှာပဲ စံပယ်နံ့သာကျေးရွာနှင့် ၁၀မိုင်အကွာတွင်ရှိသည့် ပေကြီးကျေးရွာအနီးရှိ ကွင်း (၉) ခေါ် စစ်ကောင်စီတပ်အထိုင်ချထားသည့် တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။


“ကွင်း (၉) ဆိုတာ တပ်မတော်ကြံစိုက်ပျိုးရေးတပ်ကပိုင်တာ။ အဲ့မှာတပ်က အထိုင်ချထားတာ။ ရွှေဘို- မြစ်ကြီးနား ကားလမ်းဘေးမှာ ရှိတာ။ ကွင်း ၉ရယ် စံပယ်နံ့သာရွာရယ် တစ်မနက်တည်းမှာပဲ တိုက်ခိုက်မှုလုပ်ခဲ့ကြတာ။ တစ်ချိန်တည်းမှာ” ဟုပြောသည်။


စစ်တပ်အထိုင်ချထားသည့် ဂိတ်နှင့် တပ်စခန်းများအား သွားရောက်တိုက်ခိုက်ပြီးနောက် သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်က စံပယ်နံ့သာကျေးရွာရှိ ဒေသခံအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


စံပယ်နံ့သာဂိတ်နှင့် ကွင်း (၉) ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ်ကို The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။


အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ညကလည်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် အထိုင်ချသည့် စစ်ကောင်စီစခန်းကို ကန့်ဘလူတပ်ရင်း (၂) နှင့်‌ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့်အတွက်ကြောင့် ကိုးတောင်ဘို့ဈေးမှာ မီးလောင်ပျက်စီးခဲ့ကြောင်း ကန့်ဘလူတော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။


“သူတို့ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ဈေးအလယ်ကို ကျသွားတာလေ။ ပြီးတော့ မီးကျည်တွေနဲ့လည်း ပစ်တော့ ဈေးကမီးလောင်တာ။ ထွက်လည်းမငြိမ်းရဲဘူး။ တစ်ညလုံးပစ်ဖောက်နေတော့ ပြည်သူတွေက မငြိမ်းရဲတော့ တစ်ဈေးလုံး ပြာကျသွားတာ” ဟုပြောသည်။


မီးလောင်ပျက်စီးခဲ့သည့် အဆိုပါဈေးမှာ ကိုးတောင်ဘို့ကျေးရွာဘူတာရုံနှင့် ကပ်လျက်တွင် တည်ရှိပြီး စစ်ကောင်စီတပ်အထိုင်ချထားသည့် ကိုးတောင်ဘို့အထိုင်စခန်းကုန်း၏ မြောက်ဘက်တစ်မိုင်အကွာတွင် ရှိကြောင်းသိရသည်။


၂၀၁၇ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စုရှိပြီး လူဦးရေ နှစ်သိန်းခုနှစ်သောင်းကျော် နေထိုင်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာငါးရွာမှ နေအိမ် ၁၀၈လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁၅ဦးကို စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။


သတင်း - Yu San

ဓါတ်ပုံ - Credit



Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ