ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

မြန်မာနိုင်ငံမှာ နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးနဲ့ စစ်တပ်အတွက် ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံမှာ ရုရှားနည်းပညာနဲ့ နူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းနဲ့ စစ်တပ်အတွက် ရုရှား လက်နက်များ ဝယ်ယူမှု ဆိုင်ရာ ကိစ္စရပ်များမှာ အောင်သောင်းရဲ့ သားများ ပိုင်ဆိုင်တဲ့ IGE ကုမ္ပဏီက အဓိကပါဝင်ပတ်သက်နေကြောင်း IGE ကုမ္ပဏီသတင်းရင်းမြစ်နဲ့ စစ်တပ် သတင်းရင်းမြစ်များဆီက သိရပါတယ်။

အရင် စစ်ခေါင်းဆောင် သန်းရွှေလက်ထက် စက်မှု ၁ ဝန်ကြီး ဖြစ်ခဲ့တဲ့ အောင်သောင်းမှာ သား ၃ ဦးရှိပြီး စစ်တပ်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ နေအောင်၊ ပြည်အောင်တို့က IGE ကုမ္ပဏီ အပါအဝင် စီးပွားရေး လုပ်ငန်းများစွာ ထူထောင်ကာ  လုပ်ကိုင် နေတာ ဖြစ်ပါတယ်။

IGE ကုမ္ပဏီဟာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ စီမံကိန်းများ၊ စွမ်းအင် လုပ်ငန်း များကို အစဉ်အဆက် လုပ်ခွင့်ရရှိခဲ့ပြီး အခုနောက်ဆုံး နူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ စစ်တပ်အတွက် ရုရှားလက်နက်များ ဝယ် ယူမှုဆိုင်ရာ ကိစ္စရပ်များမှာ ပါဝင်ပတ်သက်လာတာ ဖြစ်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှာ နူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သွားရောက် လေ့လာခြင်း၊ စွမ်းအင် ဖိုရမ်များ တက်ရောက်ခြင်းနဲ့ နူကလီးယားစက်ရုံ စီမံကိန်း တည်ဆောက်ရေး သဘောတူညီ စာချုပ်ရေးထိုးပွဲများမှာ IGE ကုမ္ပဏီရဲ့ တာဝန်ရှိသူများက စစ်ကောင်စီနဲ့အတူ တက်ရောက် ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ Russian Energy Week International Forum- ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည် ပြည်ဆိုင်ရာဖိုရမ်မှာ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီ သောင်းဟန်နဲ့ စွမ်းအင်ဝန်ကြီးမျိုးမြင့်ဦးတို့နဲ့အတူ IGE ရဲ့ အမှုဆောင် ဒါရိုက်တာ သဇင်အောင်နဲ့ နှင်းနှင်းအောင်တို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။


"လျှပ်စစ်ဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီးတို့ရဲ့ ရုရှားခရီးစဉ်မှာ အောင်သောင်းသား နေအောင်ရဲ့ IGE ကုမ္ပဏီ Executive Director တွေဖြစ်တဲ့  ဒေါ်သဇင်အောင်နဲ့ ဒေါ်နှင်းနှင်းအောင် တက်ပါတယ်။  IGE က အဲဒီ စွမ်းအင် နဲ့ လျှပ်စစ် ဝန် ကြီး ဌာနနှစ်ခုရဲ့ စီမံကိန်းတွေမှာ အကုန်ပါနေတယ်။ IGE က လက် ဝါး ကြီး အုပ် ထားတာ"လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။


အလားတူ နိုဝင်ဘာလတတိယပတ်အတွင်း  IGE ကုမ္ပဏီပိုင်ရှင် နေအောင်ဟာ ရုရှားနိုင်ငံကို သွား ရောက်ခဲ့ပြီး နူကလီးယား လျှပ်စစ်ဓာတ် အားပေး စက်ရုံ တည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းအတွက် သဘောတူ လက်မှတ် ရေးထိုး မှုမှာလည်း ပါဝင်ပတ်သက်မှု ရှိကြောင်း  သိရှိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်းအင် အားသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့ စူးစမ်း လေ့ လာတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရေးအတွက် ရုရှားနိုင်ငံပိုင်  Rosatom ကုမ္ပဏီနဲ့စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနတို့အကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး အဲ့ဒီ စီမံချက်များမှာ IGE ကုမ္ပဏီက  ပါဝင်ပတ်သက်နေကြောင်း သိရပါတယ်။


နိုဝင်ဘာလအတွင်းမှာပဲ IGE ကုမ္ပဏီပိုင်ရှင် နေအောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ရာ နူကလီးယားဓာတ်အားပေး စက်ရုံကိစ္စများမှာသာမက ရုရှားထုတ် လက်နက်များ ဝယ်ယူရေး ကိစ္စများမှာလည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သိရပါတယ်။


အခုဒီဇင်ဘာလအတွင်း ရုရှားစစ်တပ်ရဲ့ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နဲ့အဖွဲ့ ခရီးစဉ်၊  ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နဲ့ အဖွဲ့ရဲ့ ခရီးစဉ်များမှာလည်း IGE ကုမ္ပဏီက သွားရောက်တွေ့ဆုံခြင်း၊ ဂုဏ်ပြုစားသောက်ဝိုင်းများနဲ့ ဧည့်ခံခြင်း၊ အလွတ်သဘောတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️