KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆ ဦးသေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦးတိုင်းပြည်အတွက် အသက် ပေး လှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ KNU တပ်မဟာ ၁ နယ်မြေ ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၂၆ ဦးသေဆုံးကာ ၁၃၄၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၂ တောအူး ခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပါင်း ၂၇၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၅၀၅ ဦးသေဆုံးကာ ၂၀၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၃ ခလယ်လွီထူ ခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ဖြစ်...