သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊

သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊  စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ  ၅ ဦး အပြင်းအထန်ဒဏ်ရာ


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ခမရ ၉ တပ်ရင်းမှူးနေအိမ်နှင့် ကင်းပုန်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီခန့်အချိန် စစ်သားများ တပ်စွဲထားသော ခမရ တပ်ရင်း ၉ အတွင်းရှိ တပ်ရင်းမှူးနေအိမ်၊ ဗဟိုကင်းတို့ကို ၆၀ မမ ဗုံးသီး ၄ လုံးအသုံးပြုပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်း၊ လိုင်းခန်းနှင့် တပ်ရင်းမှူးနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ မိုး ကောင်းဘုရားနှင့် ဖော်ဖကျေးရွာအနီး ကင်းပုန်းဝပ်ရန် လာရောက်သော စစ် သားများကို လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကင်းပုန်းကို တပ်စခန်းရော နှစ်နေရာချခဲ့တာ၊ ကင်းပုန်းက မနက် ၁၀ နာရီ ၁၈ မိနစ်မှာချတယ်၊ ခမရ ၉ တပ်က ၁၂ နာရီကျော်မှာ ထပ်ချတာပါ၊ အရင်ကတော့ ဗုံးချပြီဆိုတာနဲ့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြန်ပစ်တာရှိတယ်၊ ဒီတစ်ခါတော့ လက်နက်ငယ်ပစ်သံမကြားရတော့ဘူး၊ အသံကြားတာနဲ့ ပုန်းနေကြတာနေမှာ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း၂ တပ်ခွဲ ၃ နှင့် PDF တပ် ရင်း၂ တပ်ခွဲ၃ တို့ ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်သော်လည်း အတည်မပြုနိုင် သေးကြောင်း၊ ခမရ ၉ တပ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီး ၇ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အခုနောက်ပိုင်း သူတို့ခြေကုပ် အထိုင်တပ်ရင်း တပ်စခန်းတွေထဲမှာကိုပဲ သူတို့အတွက် လုံခြုံမှုမရှိတော့ ဘူးဆိုတာ ဒီကောင်တွေသိနေပြီ၊ အဲဒါကြောင့် ဗဟိုကင်းတို့၊ တပ်ရင်းမှူးနေအိမ်တို့လိုမျိုး အဆောက် အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
  
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မုံရွာ- ပုသိမ်လမ်းပေါ်ရှိ ကံပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စလင်း PDF ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီခွဲခန့်က အဆိုပါရဲစခန်းအား RPG လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ် သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းအတွင်းရှိ လိုင်းခန်းကိုလည်း ပြာချပေး ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း တပ်ရင်း -၁ (PDF –Salin) ၊ မင်းဘူးပကဖနှင့် ပွင့်ဖြူပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားသေဆုံးမှုရှိခဲ့ကြောင်း၊ ယနေ့နံနက် ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း စလင်းသို့ အချိန်မီပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စလင်း PDF က ဆိုသည်။ 
ဓာတ်ပုံ- စစ်ရေးစွမ်းရည်ပြသနေသော တောင်းပိုင်းတိုင်း စစ်ဒေသမှ PDF တပ်များ။













နွားထိုးကြီးမြို့အထွက်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊  ရေနံချောင်းမြို့ ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့အထွက် ဆိုင်းဘုတ်အနီးတွင် ကင်းလှည့် ထွက်လာ သော အကြမ်းဖက်စစ်ကား အသေးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီခန့်က 4 Wheel ကားအစိမ်းရောင်ဖြင့် အကြမ်းဖက်စစ် သား ၈ ဦးခန့်လိုက်ပါလာသော ကားကို နွားထိုးကြီးမြို့အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးမသေမရှင်ဖြစ်သွားကြောင်း သိရသည်။
“မြို့အထွက်ကြိုဆိုပါ၏ ဆိုင်းဘုတ်နားမှာ ဆွဲခဲ့တာ၊ ကားက ထိုးရပ်သွားတာ၊ ၃ ချက်လောက်တော့ ရမ်းသမ်းပစ်တာရှိတယ်၊ မိုင်းဆွဲပြီးတော့ မြို့ထဲက စစ်ခွေးတွေရောက်လာပြီးတော့ သေဆုံးသွားတဲ့ စစ်ခွေးတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို သယ်သွားတာ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ဘေး အန္တရာယ် ကင်းပါတယ်” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ရေနံချောင်းမြို့ရှောင်လမ်းပေါ်ရှိ ယာပြင် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ 
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ ရေနံချောင်း တပ်ခွဲ (PDF -yenangyaung) နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yenangyaung Local People's Defense Force (ဖေကံကောင်းအဖွဲ့) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။








အောင်လံတွင် စစ်ကြောင်းကို  ခြုံခို တိုက်ခိုက်မှု  စစ်သား ၄ ဦးသေဆုံး၊ ညောင်လေးပင်တွင် စစ်တပ် ထောက်ပို့ တံတားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျွဲခေါင်းကျေးရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်လံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရွှေပန်းတောကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးသည် ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် တလုတ်ရွာ အုပ်ချုပ်ရေးမှူး ၏ ယောက်ဖတော်စပ်သူ နားရေးဆွမ်းပွဲပွဲမှ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များမှ ခြုံခိုတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါဝင် ၃ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“တလုတ်ပင်ရွာက အုပ်ကြီးယောက်ဖရဲ့ဆွမ်းသွပ်ကို လာတာဗျ၊ လက်နက်အပြည့်အစုံပါတယ်၊ အဲဒီက နေအပြန်စောင့်တိုက်တာ၊ ဒဏ်ရာရတဲ့သုံးဦးတော့ အနီးအနားက ကားနဲ့သယ်သွားတယ်လို့ ကြားတယ်၊ သေတဲ့ကောင်တွေကို တော့ ဘယ်လိုသယ်လဲ မသိဘူး၊ ကျနော်တို့က အမြန်ပစ်ပြီး ပြန်ဆုတ်လာခဲ့တာ” ဟု အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) နှင့် သရက်ခရိုင် PDF တပ်ရင်း ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ထိန်တပင်ကျေးရွာနှင့် ထော နွတ် ကျေးရွာကြားရှိ အကြမ်းဖက်စစ်ကောင်စီထောက်ပို့တံတား တစ်စင်းကို ဖောက်ခွဲဖျက်ဆီး ခဲ့ ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်က အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောက်ပို့ ဆက် သွယ်ရေးတံတားအဖြစ် အသုံးပြုနေသော ပေ ၆၀ အရှည်တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား တစ်ခြမ်းပျက်စီခဲ့ကြောင်း သိရသည်။
အဆိုပါဖောက်ခွဲမှုကို ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျောက်တံတားမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။





Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ