ရန်ကုန်တွင် အထူးတာဝန်လုပ်ငန်းအဖွဲ့ STA ၏ မြို့ပြလျှို့ ဝှက်ပြောက်ကျား တရားရုံး စတင်ဖွင့်လှစ်

ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
ပြည်သူ့ကိုယ်စားတရားစီရင်မှုအတွက် Special Task Agency of Burma-STA (အထူးတာဝန်လုပ်ငန်းအဖွဲ့) ၏ တရားရုံးကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့ (STA) က ထုတ်ပြန်ထားသည်။
STA ၏ မြို့ပြလျှို့ဝှက်‌ပြောက်ကျား တရားရုံးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။
"ကျွန်တော်တို့က ပြည်သူ့ကိုယ်စား တရားစီရင်မှုတွေ ပြုလုပ်သွားမှာပါ။ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေ၊ နိုင်ငံတော်သစ္စာဖောက်တွေ၊ စစ်ကောင်စီအားပေး ကူညီသူတွေကို ပထမအဆင့်သတိပေးမယ်။ သတိပေးထားတဲ့ ကြားက ထပ်လုပ်ရင်တော့ တရားစီရင်မှုအတိုင်းပြစ်ဒဏ်ပေးမှာပါ" ဟု STA အဖွဲ့တာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သူများကို အရေးယူအပြစ်ပေးရန် လိုအပ်လာပါက ၁၉၄၈ ခု နိုင်ငံတော်ပုန်ကန်မှုကြီး အက်ဥပဒေ၊ အက်ဥပဒေအမှတ် (၁၄) ပြစ်မှုစီရင် ချက်ပါ ပုဒ်မ ၃ (၁)အရ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း ပြစ်မှုကျူးလွန်သူများကို ပေးသည့် ပြစ်ဒဏ်အတိုင်း စီရင်သွားမည်ဖြစ် ကြောင်း STA အဖွဲ့ တာဝန်ခံက ဆက်လက်ပြောကြားသည်။
၁၉၄၈ ခုနှစ် နိုင်ငံတော်ပုန်ကန်မှုကြီး အက်ဥပဒေအရ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း ပြစ်မှုကျူးလွန်သူများအား တစ်သက်တစ်ကျွန်း မှ သေဒဏ်အထိ စီရင်နိုင်ကြောင်း STA က ဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က ကမာရွတ်မြို့နယ် အမှတ်(၅) ရပ်ကွက်နေ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးမော်စီသည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ အတွက် မဲစာရင်းကောက်ယူရာတွင် ဦးဆောင်လှုပ်ရှားနေခြင်းကြောင့် STA က သတိပေး တရားစီရင်မှုပြုကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
STA မြို့ပြပြောက်ကျားအဖွဲ့အနေဖြင့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲမ၀င်ရန်၊ မှတ်ပုံတင်ခြင်းမပြု လုပ်ရန်နှင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခြင်း မပြုလုပ်ကြရန် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကတည်းက စာထုတ်အသိပေးထားပြီး ပံ့ပိုးကူညီမှုပြုလုပ်သူ မည်သူကိုမဆို ပြန် လည်ပေးဆပ်ရမည်ဟု ကြေညာထားသည်။

Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း