လက်အောက်ခံတပ်တွေကို ထိန်းပေးဖို့ KNU ကို စစ်ကောင်စီ အကြောင်းကြား

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်း ကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီး အကြောင်းကြားလိုက်ပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံ လိပ်မူပြီး ပေးပို့ထားတဲ့စာမှာ KNU ကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် ရှုမြင်ထားပေမယ့် KNU လက်အောက်ခံ တပ်မဟာတွေ KNDO အဖွဲ့တွေက PDF တွေနဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို တိုက်ခိုက်လာမှုတွေအပေါ်မှာလည်း ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက်လာတဲ့ အဖွဲ့တွေကိုပဲ တုံ့ပြန် တိုက်ခိုက်ပြီးတော့ စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ပေမယ့် ကျေးရွာတွေထဲကို ဝင်ရောက် ပစ်ခတ်တာ၊ အစိုးရဌာန ရုံးတွေကို မီးရှို့ဖျက်ဆီးတာ၊ လမ်းတံတားတွေကို မိုင်းခွဲတိုက်ခိုက်တာတွေက လက်ခံနိုင်ဖွယ် မရှိကြောင်းနဲ့ အဓိက ထိခိုက် ခံစားရတာဟာ ပြည်သူလူထုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးရုံးကတော့ စစ်ကောင်စီဘက်က ပေးပို့တဲ့ စာကို လက်ခံရရှိထားသလို KNU ဗဟိုကော်မတီအနေနဲ့လည်း စာကိုတုံ့ပြန်ဖို့ အစီအစဉ် ရှိတာကြောင့် လောလောဆယ်မှာ သတင်းမီဒီယာတွေကို သဘောထား မပေးနိုင်သေးဘူးလို့ RFA ကိုပြောပါတယ်။

KNU လက်အောက်ခံ တပ်မဟာတွေနဲ့ PDF တွေ ပူးပေါင်းပြီးတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အများပြည်သူပိုင်ဆိုင်တဲ့ လမ်း၊ တံတား၊ တာဝါတိုင်၊ အဆောက်အအုံတွေကို ဗုံး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုတွေကို ကရင်ပြည်နယ်မှာ ၁၁၆ ကြိမ်၊ မွန်ပြည်နယ်မှာ ၃၁၇ ကြိမ်၊ ပဲခူးတိုင်းမှာ ၆၆၂ ကြိမ် စုစုပေါင်း ၁၀၉၅ ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီဘက် က စွပ်စွဲထားပါတယ်။

အဲဒါကြောင့် KNU ဥက္ကဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်တို့ အပါအဝင် ဗဟိုကော်မတီဝင်တွေ အနေနဲ့ စဉ်းစားသုံးသပ်ပြီးတော့ KNU လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ KNDO တပ်ဖွဲ့ဝင်တွေကို အဖျက်လုပ်ရပ် လုပ်ဆောင်မှု မပြုရေး၊ ဘယ်လုပ်ရပ်မျိုးမဆို ပြည်သူအတွက် စဉ်းစားပြီးမှ ဆောင်ရွက်ဖို့အတွက် ကြပ်မတ်ထိန်းသိမ်းပေးပါဆိုပြီး စစ်ကောင်စီဘက်က တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ လ ၂၀ အတွင်း KNU ထိန်းချုပ် နယ်မြေ နှစ်ခုမှာ တိုက်ပွဲပေါင်း ၆၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ကိုးခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ