မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု

မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှုများပြား(ရုပ်သံကြည့်ရန်)


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မန္တလေး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှအိမ်စီးကား  စီးဖြင့် ထွက်ခွာလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု၁၂ ဦးသေဆုံးကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ  ရက်နေ့ မွန်းလွဲ  နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ထွက်ခွာလာသော ရဲ ၁၂ ဦးပါဝင်သည့် Light truck ကားသည် မြင်းခြံမြို့ဘက်သို့ ထွက်ခွာလာစဥ် ထိန်ပန်းရွာအနီးတွင် ပဒေသာ မိုင်း ၁၅ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။
"ကုက္ကဲရဲစခန်းက ရဲခွေး ၁၂ ကောင်ကို ထိန်ပန်းရွာနားမှာ ပဒေသာမိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ကားလည်း ရစရာမရှိအောင် ပျက်ဆီးသွားတယ်။ ကားပေါ်ပါလာတဲ့ ရဲခွေး ၁၂ ကောင်လုံးလည်း သေတယ်လို့ ခရီးသွားတွေ ပြောပြချက်အရ သိရတယ်ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင်အခြေအနေကို အသေးစိတ် အတည်ပြု နိုင်ခြင်းမရှိသေးပေ။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ