ငပုတောတွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံး၊

မုံရွာတွင် ပျူစောထီးများ၏ ရိက္ခာတင် ဒိုင်နာကားကို မိုင်းဆွဲတိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံးကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာတွင် ထိပ်စွန်းဒေသ အခြေစိုက် ခြေလျင် တပ်ရင်း ခလရ ၂၇၁ မှ စစ် သား ၂ ဦး ကင်းစောင့်ရန် ကိစ္စနှင့် ပတ်သက်ပြီး အချင်းချင်း စကားများ ရန်ဖြစ်ကာ တပ်သား လင်းထွဋ် ဆိုသူက တပ်ကြပ်ကြီး ၁ ဦးကို သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းသေဆုံးသွားကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်သား လင်းထွဋ်သည် ထွက်ပြေးသွားပြီး လက်ရှိချိန်ထိ လွတ်မြောက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်မှ စစ်သားများ သက္ကယ်သောင်ကျေးရွာ အနီးတစ်ဝိုက်နှင့် ထိပ်စွန်းဒေသ တစ်ဝိုက်ကို ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
" စစ်သားအချင်းချင်း ပစ်သတ်တာ တပ်ကြပ်တစ်ဦး သေသွားတယ်။ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာမှာဖြစ်တာ ထွက်ပြေးသွားတဲ့ တပ်သားကို ခုထိ ရှာနေကြတုန်းပါ။ ခြေလျင်တပ်ရင်း ၂၇၁ က စစ်သားတွေပါ။ ထိပ်စွန်းဒေသ အခြေစိုက်တပ်ပါ။ အနီးနားက ရွာတွေပါ ဖြန့်ထားပြီး လိုက်ရှာနေကျတယ်။ ပစ်တဲ့တပ်သား နာမည်က လင်းထွဋ်တဲ့ ကင်းမစောင့်လို့ စကားများ ရန်ဖြစ်ပြီး သေနတ်နဲ့ ၄ ချက်ပစ်သွားတယ်လို့ သိရတယ်" ဟု တပ်တွင်း သတင်းရင်းမြစ် တစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု(ပျူစောထီး)ရွာမှ ထွက်လာသောအကြမ်းဖက်စစ်တပ် ရိက္ခာတင် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးပြီး စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးဒဏ်ရာရ ရှိမှုရှိနိုင်ကြောင်း Special Force- 11 (PDF)ထံမှ သိရသည်။
ယမန်နေ့ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီ ခွဲခန့်က တောပု(ပျူစောထီး)ရွာမှ ရိက္ခာတင်ပြီး မုံရွာ မြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များ လိုက်ပါသည့် ဒိုင်နာကားကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာ တင်ကား ပျက်စီးပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများလည်း ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရ သည်။
အဆိုပါတိုက်ခိုက်မှုကို Special Force-11 (PDF)၊  Monywa Dynamite-Special Task Force ၊ Brave Heart Army - (BHA) ၊ Monywa ဗန္ဓုလနှင့်အဖွဲသားများ - (LDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်လည်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။ Photo- EPA


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်