Posts

Showing posts from February 18, 2023

အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း ရောက်ရှိလာမည် ဖြစ်

Image
အမေရိကန် ပြည်ထောင်စု ၏ ထိုင်းနိုင်ငံ ဆိုင်ရာ စစ်သံမှုး ကပ် လက်ဖလာ မှ လာမည့် ဖေဖေါ်ဝါရီ ၂၇ မှ မတ်လ ၁၀ နေ့အထိ ထိုင်းနိုင်ငံ အတွင်း ၁၁ နေရာ ခွဲပြီး ပြုလုပ်မည့် Cobra Gold စစ်ရေး လေ့ကျင့်မှူ အတွက် အမေရိကန် တပ်သား ၆,၀၀၀ ကျော် ရောက်ရှိလာမည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။ အင်ဒိုနီရှား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီယား၊ စင်္ကာပူ တို့မှ စစ်ရေး လေ့ကျင်မှု တွင် ပါဝင်ကြမည် ဖြစ်ပြီး  နိုင်ငံပေါင်း ၃၀ နီးပါး က လေ့လာသူ အဆင့် တက်ရောက်မည် ဖြစ်သည်။ စုစုပေါင်း စစ်သည်အင်အား ၇,၃၉၄ ဦး ပါဝင်မည် ဆိုသဖြင့် ထိုအထဲတွင် အမေရိကန် ဖက်မှ ၆,၀၀၀ ဖြစ်နေသည်ကို ‌တွေ့ရသည်။ Cobra Gold စစ်ရေး လေ့ကျင့်မှု တွင် ယခုနှစ်သည် အမေရိကန် ဖက်မှ ပါဝင်သည့် စစ်အင်အားသည် အများဆုံး ဖြစ်သည်ဟု ဆိုသည်။ ထိုစစ်ရေး လေ့ကျင့်မှု အား ထိုင်း ဘုရင်တပ်မတော် နှင့် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်တို့ မှ ပူးတွဲ ကျင်းပခြင်း ဖြစ်ပြီး ၄၂ ကြိမ် ရှိသွားပြီဟု သိရသည်။ Cobra Gold အား ကမ္ဘာပေါ်တွင် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု ကြီး ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ အပြင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှု အမျိုးမျိုး အတွက်လည်း ကြိုတင်

နတ်ပြည်လဲရောက် ပတ်စပို့လဲရတဲ့နည်း

Image
ဒီနေ့ passport လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုဆီဖုန်းဆက်မေးမြန်းမိတယ် "passport ရုံးကပိတ်ထားလား"ဆိုတော့ ပိတ်ထားတယ် တဲ့ ဒါပေမယ့်ဖွင့်တဲ့နည်းလမ်းတော့ရှိတယ် ဗုဒ္ဓဂါယာဘုရားဖူးဆို လုပ်ပေးတယ်တဲ့ "ဟမ် ပိတ်ထားတယ်ဆို "ဆိုတော့ ပိတ်ထားပေမယ့် ဒီကိစ္စအတွက်ဆို ဖွင့်တယ်တဲ့ "ဒါဆို ဗုဒ္ဓဂါယာသွားမယ်ဆိုပြီး passport လုပ်မယ် ပြီးမှမသွားဘူးပေါ့"ဆိုတော့ အဲလိုလုပ်လို့မရဘူး သွားကိုသွားရမယ် အစအဆုံး လိုက်ရမယ် ပြန်လာရင်လည်း Immigration အဝင်/အထွက်တုံး ပြန်တင်ပြရမယ် အဲံဒီခရီးစဉ်ပြီးမှ ကျန်တဲ့ကိုယ်သွားချင်တဲ့နေရာသွားတဲ့ "လူတွေမှာ အကြောင်းကိစ္စကိုယ်စီ အလုပ်ကိစ္စ စီးပွားရေး လူမှုရေးကိစ္စ ကျန်းမာရေးကိစ္စ သာရေးနာရေးကိစ္စ ပညာရေးကိစ္စတွေနဲ့ နိုင်ငံရပ်ခြားတွေကိုသွားနေကြတာ အဲဒါတွေကအရေးမကြီးဘူး ဘုရားဖူးတာကမှအရေးကြီးတာပေါ့ အဲလိုလား"ဆိုတော့ အေး ဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံကွ အားလုံးကို နတ်ပြည်ပို့ပေးနေတာ passport လုပ်သူမြန်မာနိုင်ငံသားတိုင်း နတ်ပြည်ရောက်ရမည်ဆိုတဲ့ ရည်မှန်းချက်ကိုအကောင်အထည်ဖော်နေတာ အမေးအမြန်းတွေလာမထူနဲ့ ယီးပဲ ဆိုပြီးဖုန်းချသွားတယ် ဂယ်ပဲ Min Yel Kyaw Swar    

အာဆီယံ Plus အစည်းအဝေးကို စစ်ကောင်စီအသုံးချမှာ အမေရိကန်စိုးရိမ်

Image
 VOA အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးကျွမ်းကျင်သူတွေရဲ့ လုပ်ငန်းအဆင့်ဆွေးနွေးမှုတွေကို မြန်မာစစ်အာဏာပိုင်တွေက အလွဲသုံးစားလုပ်မှာစိုးရိမ်ကြောင်း အမေရိကန်ကပြောလိုက်ပါတယ်။ လုပ်ငန်းအဆင့်ဆွေးနွေးပွဲကို စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျုးလွန်နေတဲ့လုပ်ရပ်ကိုကာကွယ်ဖို့အတွက် အသုံးချမှာစိုးရိမ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး Marty Meiners က ဗွီအိုအေကို ပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အာဆီယံအသင်းရဲ့ စံတန်ဖိုးတွေကို ချိုးဖောက်ရာရောက်တာကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလက အစည်းအဝေးတွေမှာ အမေရိကန်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ ADMM-Plus အစည်းအဝေး ဒီလနှောင်းပိုင်း ထိုင်းနိုင်ငံမှာကျင်းပတဲ့အခါ မြန်မာနိုင်ငံကိုလည်း ဖိတ်ကြားထားတဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာပဲ အခုလို တုံ့ပြန်လိုက်တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီအစည်းအဝေးမှာ စစ်ကောင်စီ က

မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်

Image
  မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင် / AFP By Dewey Sim 18 February 2023 Irrawaddy မြန်မာကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) မှ ဖဲ့ထုတ်ပစ်သင့်သည်ဟု မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင်က ယခုအပတ်တွင် အကြံပြုခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် ဆွေးနွေးငြင်းခုန်မှုများသည် မူမမှန်သော အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ပိုမိုပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရာတွင် ASEAN ရင်ဆိုင်နေရသည့် ကြီးထွားနေသော ဖိအားကို မီးမောင်းထိုးပြနေသည်။ နိုဝင်ဘာလတွင် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် ဒေသတွင်းခရီးစဉ် တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြောကြားသည့် မိန့်ခွန်း၌ မစ္စတာ အန်နဝါက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် ASEAN ၏ တုံ့ပြန်မှုများအကြောင်းကို ဆွေးနွေးခဲ့သည်။ “မြန်မာကို ကျနော်တို့ လတ်တလော ဖဲ့ထုတ်ထားသင့်တယ်။ မြန်မာပြဿနာကြောင့် ကျနော်တို့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး။ မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့သတင်းစကားပေးဖို့ အခိုင်အမာ သဘောတူကြရင် အကောင်းဆုံးဖြစ်လိမ့်မယ်” ဟု ၎င်

စစ်အာဏာရှင်စနစ်နှင့်အတူ ငွေညှစ်ဘေးကြီး နိုင်ငံ့အနှံ့ တိုက်ခတ်နေ

Image
ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများပါမကျန် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို လုံခြုံရေးအကြောင်းပြ တားဆီး စစ်ဆေးရင်း မဖြစ်မနေ ပိုက်ဆံတောင်းလေ့ရှိသည်။ မြတ်သွယ် ငြိမ်းဆွေ အောင်ဇေ  Myanmar Now  Published on Feb 17, 2023 အာဏာသိမ်းမှုနှင့်အတူ ပစ်ခတ်သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရွာလုံးကျွတ်မီးတင်ရှို့၍ ထွက်ပြေးရသည့် ဘေးဒုက္ခများကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည် အေးဓားပြတိုက်ခံရသော ငွေညှစ်ဘေးကြီးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရသည်။ ထိုဘေးကြီးသည် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များတွင်လည်းကောင်း၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေးနေရာတွင်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင်လည်းကောင်း၊ ရဲစခန်းများတွင်လည်းကောင်း ရိုက်ခတ်နေသလို မထင်လျှင်မထင်သလို အချိန်မရွေးပေါ်ပေါက်နေသည့် ကပ်ဘေးကြီးဖြစ်လေသည်။ လွန်ခဲ့သည့် ဇန်နဝါရီလဆန်းပိုင်း နံနက်ခင်းတစ်ခု၌ အအေးဓာတ်လွှမ်းဆဲဖြစ်သော်လည်း မန္တလေးမြို့မှ ကိုချမ်းမြေ့*က ဆိုင်ကယ်ဖြင့် ပစ္စည်းလိုက်ပို့ရန် လမ်းပေါ်ရောက်နေပြီဖြစ်သည်။ မြို့အရှေ့ပိုင်းကို နာရီဝက်ခန့် ခရီးနှင်ရမည်ဖြစ်ရာ ဆိုင်ကယ်ကို ခပ်မြန်မြန်မေ

အိုးဘိုထောင်ကို ငရုတ်သီး၊ကြက်သွန် ပါဆယ်ပို့ခွင့်ပိတ်

Image
နိုင်ငံရေးအကျဥ်းသူတချို့ တိုက်ပိတ်ခံရပြီးနောက် အိုးဘိုထောင်ကို ငရုတ်သီး၊ကြက်သွန် ပါဆယ်ပို့ခွင့်ပိတ် ၁၈ ဖေဖော်ဝါရီ ၂၀၂၃, BBC မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေး အကျဉ်းသူတချို့ ဒီလဆန်းက အကြမ်းဖက် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရ၊ ထောင်ဝင်စာ ၁ လပိတ်ခံရပြီးနောက် အမျိုးသမီးဆောင်ကို ပါဆယ်ဆက်ပို့ခွင့်ရနေသူအတွက် ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတွေပါ ထည့်သွင်းပေးပို့ခွင့် ပိတ်လိုက်တယ်လို့ အမျိုးသမီးဆောင်ကို ဆက်ပို့ခွင့်ရနေသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ " အိုးဘိုထောင်အတွင်း ငရုတ်သီးနဲ့ပတ်သက်တာ သွင်းခွင့်မရှိတော့ဘူး။ ငါးခြောက်တွေကြော်ရင် ငရုတ်သီးပါတာ မဟုတ်လား။ အဲ့ဒါ သွင်းခွင့်မပေးတော့ဘူး။ ငရုတ်သီးအစိမ်းတောင် မရတော့ဘူး။ ကန့်သတ်သွားတာ။ အတွင်းမှာ အသုပ်သုပ်စားလို့ရအောင် ခရမ်းချဉ်သီး၊ ကြက်သွန်နီတွေ အကျဉ်းသူတွေနား ရှိတယ်။ သူတို့(ထောင်ဝန်ထမ်း) အန္တရာယ်ပြုချိန်မှာ အဲ့ဒါတွေနဲ့ လှမ်းပေါက်လို့တဲ့။ ခရမ်းချဉ်၊ ကြက်သွန်ကို ကြောက်နေကြတာ"လို့ လက်ရှိ အိုးဘိုထောင်တွင်း ပါဆယ်ပို့ခွင့်ရသူတွေရဲ့ ကန့်သတ်ထားတဲ့ အစားစာ အခြေနေအကြောင်းကို ထောင်တွင်း နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က မန္တလေး

စစ်မှုထမ်းဟောင်းများကို နေ့စားခ ၁ သောင်းပေးပြီး အသုံးပြုနေ

Image
မအူပင်မြို့တွင် စစ်မှုထမ်းဟောင်းများကို နေ့စားခ ၁ သောင်းပေးပြီး စစ်ကောင်စီက လုံခြုံရေးအတွက် ပြန်လည်အသုံးပြုနေရ နွေဦးမောင်/ဧရာဝတီတိုင်းမ် (မအူပင်)၊ ဖေဖော်ဝါရီလ ၁၈ ရက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့လုံခြုံရေး အင်အားလျော့နည်းလာတာကြောင့် စစ်မှုထမ်းဟောင်း ဝန်ထမ်း တွေကို နေ့စားခပေးပြီး လုံခြုံရေး စောင့်ခိုင်းတာတွေနဲ့ ကင်းလှည့်ခိုင်းတဲ့နေရာတွေမှာ အသုံးပြုနေရတယ်လို့ သိရပါတယ်။ စစ်မှုထမ်းဟောင်းဝန်ထမ်းတွေကို နေ့စားခ တစ်နေ့ ၁ သောင်းပေးပြီး မြို့ပေါ်မှာရှိတဲ့ ကင်းစောင့်တဲ့နေရာတွေနဲ့ ကင်းလှည့်တဲ့နေရာတွေမှာ ပြောက်ကျားယူနီဖောင်းတွေ ပြန်ထုတ်ပေးပြီး အသုံးပြုနေရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ တစ်နေ့ကို တစ်သောင်းပေးပြီး ကင်းလှည့်တာတွေရော ကင်းစောင့်တာတွေရော သုံးနေတာ၊ ဧည့်စာရင်းစစ်တာတွေမှာလည်းပါတယ်၊ စစ်မှုထမ်းဟောင်းရော၊ သတင်းပေး ဒလန်တွေရော ပြောက်ကျား ဝတ်ခိုင်းပြီး သုံးနေတာ”လို့ ဒေသခံ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်က အင်အားလျော့နည်းလာလို့ လုံခြုံရေးအတွက် နေ့စားခပေးကာ ခေါ်ယူပြီး အင်အင်းဖြည့်အသုံးပြုနေတဲ့အထဲမှာ စစ်မ

တပ်ကြပ်ကြီးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်သားကို လိုက်လံရှာဖွေနေ

Image
ငပုတောမြို့နယ်မှာ တပ်ကြပ်ကြီးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားကို ကန်ကြီထောင့်မြို့နယ်ကကျေးရွာတွေမှာ လိုက်လံရှာဖွေနေ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၁၈ ရက် ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့၀င်များရောက်ရှိလာပြီး ငပုတောမြို့နယ်မှာ စစ်ကောင်စီတပ်ကြပ်ကြီးကိုသေဆုံးအောင်ပစ်ခတ်ပြီးထွက်ပြေးနေတဲ့တပ်သားကို လိုက်လံရှာဖွေနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ ကန်ကြီးထောင့်မြို့နယ်က ပေပင်ကြီး၊ ပေပင်လေး၊ ရေတွင်းကုန်း၊ အုန်းပင်စုစတဲ့ ကျေးရွာတွေကို၀င်ရောက်စစ်ကြောင်းထိုးရှာဖွေမှုတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်များရေတွင်းကုန်းကျေးရွာဘုန်းကြီးကျောင်းမှာ လက်ရှိအချိန်ထိတပ်စွဲထားတယ်လို့ သိရပါတယ်။"အဲ့တပ်သားက ကန်ကြီးထောင့်ဘက်မှာရှောင်နေတယ်ကြားလို့ဆိုပြီး အင်အားအပြည့်နဲ့လာတာ။ရှာရင်းနဲလဲနယ်မြေစိုးမိုးရေးလုပ်မယ်လို့လဲ ကြားတယ်"လို့ အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ညက ဟိုင်းကြီးကျွန်းမြို့ကျေးရွာအုပ်စု၊ အုန်းချောင်းရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်အတွင်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်ပွာ

စစ်သားအချင်းချင်း ပစ်သတ်ခဲ့သည့် တပ်သားမျိုးမြင့် KLG PDF ထံလက်နက်နှင့်တကွ အလင်းဝင်

Image
ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အတူကင်းစောင့်နေသည့် စစ်သားအချင်းချင်း ပစ်သတ်ခဲ့သည့် တပ်သားမျိုးမြင့် KLG PDF ထံလက်နက်နှင့်တကွ အလင်းဝင် ဧရာဝတီတိုင်မ်း (ကနီ)၊ ဖေဖော်ဝါရီလ ၁၈ ရက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့ပေါ်တွင် အတူကင်းစောင့်နေသည့် စစ်‌ကောင်စီ တပ်သားအား သေနတ်ဖြင့်ပစ်သတ်၍ ထွက်ပြေးလာသည့် တပ်သားမျိုးမြင့်ဆိုသူမှာ ကျောက်လုံးကြီး KLG တပ်မဟာထံ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံစွာရောက်ရှိခဲ့ကြောင်း သိရသည်။ မုံရွာမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ (၉၂၉) ထောက်ပို့တပ်ရင်းမှ တပ်သား မျိုးမြင့် ကိုယ်ပိုင်အမှတ် တ(၅၇၀၄၅၇) သည် MA-1 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ ၂၈ ဝောာင့်နှင့်အတူ KLG တပ်မဟာထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။ "သူက ကနီမြို့ပေါ်မှာတာဝန်ကျတာ ၁ နှစ်ကျော်ပြီ။ ကနီမြို့ပေါ်မှာ အတူကင်းစောင့် နေတဲ့တပ်သားကို သေနတ်နဲ့ပစ်သတ်ပြီး‌ထွက်ပြေးခဲ့တာ။ ပစ်ပြီးပြီးချင်း နောက်က လိုက်လာကြလို့ သေနတ်ကကတော့ သူ့ကိုယ်ပိုင် သေနတ်ပဲယူခဲ့နိုင်တယ်။ မနေ့က ကျွန်ဝောာ်တို့ဆီရောက်တယ်" ဟု KLGတပ်မဟာ တာဝန်ရှိသူက ဧရာဝတီတိုင်းကို ပြောသည်။ CDM ပြုလုပ်လာသူ တပ်သားအား ဆုကြေးငွေပေးအပ

အေးဂျင့်နဲ့မရတော့ MOU နဲ့ သွားကြတယ်

Image
ပတ်စ်ပို့ရုံးများ ပိတ်ထား၍ ပြည်ပထွက် အလုပ်လုပ်မည့်သူများ အခက်အခဲဖြစ်၊ တရားမဝင်လမ်းကြောင်းဖြင့် ပြည်ပ သွားရောက်သူများလည်း ရှိနေ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၁၅ ရက် စစ်အာဏာသိမ်းပြီနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ တစ်နိုင်ငံလုံးရှိ ပတ်စ်ပို့ရုံးများပိတ်လိုက်ခြင်းကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်မည့် သူများအတွက် အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း ဒေသတွင်းအလုပ်အကိုင် ရှာဖွေရေး အဖွဲ့များထံမှ သိရသည်။ အကြောင်းပြချက် မရှိဘဲ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ (Passport) ရုံးများကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ဖေဖော်ဝါရီလ အထိ ပြန်လည် ဖွင့်လှစ်ပေးခြင်း မရှိသေး၍ ပြည်ပထွက် အလုပ်လုပ်မည့်သူများမှာတရားမဝင် လမ်းကြောင်းများဖြင့် သွားသူများလည်း ရှိနေသည်။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှ အသက် ၂၀ အရွယ် လူငယ် အမျိုးသားတစ်ဦးက“အခုလို ပြည်တွင်းအလုပ်အကိုင် ရှားပြီး ကုန်ဈေးနှုန်းတွေ တက်နေချိန်မှာ အများစုက နိုင်ငံခြားရောက်နေပြီ။ကျနော်တို့လည်း အကုန်လုပ်ပြီးပြီ။ ပတ်စ်ပို့ပဲ ကျန်တော့တာ၊ အေးဂျင့်နဲ့လည်း ချိတ်ပြီး အခု ရုံးတွေကပိတ်ထားတော့ အစ်ကိုဝမ်းကွဲတွေက အောက်လမ်းကနေပဲ လာလို့ ပြေားတယ်။ ရှေ့လထဲမှာကျနော်လည်း သွားတော့မှာပါ။ ပ

ကဒဲရွာတွင်အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီး

Image
ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရန်ကုန်ခေတ်သစ်သတင်းဌာန တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ကဒဲကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ကျော်ဖြင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ရွာလုံးလုံးကျွတ် ထွက်ပြေးနေရကြောင်း၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ဦးကို ရိုက်နှက် ဖမ်းသွားကြောင်း သိရှိရသည်။ "တနင်္သာရီတိုင်း ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ခွေးအင်အား၂၀၀ခန့် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းကနေ ညနက်တဲ့အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိမ်ခြေတစ်ရာန

ညီနန္ဒလာကယ်နေပြီမမို့

Image
အကယ်ဒမီ   မို့မို့မြင့်အောင်   နှင့်   ခင်ပွန်းဟောင်းအား   ငွေကျပ်သိန်း ( ၅ဝဝဝ ) လိမ်လည်မှုဖြင့်   အမှုဖွင့်ထား NP News -  ဖေဖော်ဝါရီ   ၁၈ ရုပ်ရှင်သရုပ်ဆောင်   အကယ်ဒမီ   မို့မို့မြင့်အောင်နှင့်   ခင်ပွန်းဟောင်းဖြစ်သူ   ဦးမောင်မောင်ကျော်တို့အား   ငွေ ကျပ်သိန်း ( ၅ဝဝဝ ) လိမ်လည်မှုဖြင့်   ပဲခူးတိုင်း၊   အင်းတ ကော်မြို့ရှိ   အင်းတကော်ရဲစခန်း၌   အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။ အင်းတကော်မြို့၊   ထန်းပင်ချောင်ကျေးရွာနေ   ဦးစိုးလှိုင် ( ခ ) ဦးအောင်အောင်မိုး   ဆိုသူက   တရားလိုပြုလုပ်ကာ   အင်းတကော်ရဲစခန်းသို့   လာရောက်အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း   ရဲစခန်းနှင့်နီးစပ်သော   သတင်း အရင်း အမြစ်က  NP News  ကို   အတည်ပြုပြောဆိုထားသည်။ ဦးစိုးလှိုင် ( ခ ) ဦးအောင်အောင်မိုးနှင့်   ဦးမောင်မောင် ကျော်၊   ဒေါ်မို့မို့မြင့်အောင်တို့သည်   ခင်မင်ရင်းနှီးသည့်   ဆက်ဆံရေးရှိခဲ့ကြောင်း   သိရပြီး   ထားဝယ်ဆိပ်ကမ်း လုပ်ငန်းအတွက်   အရေးတကြီးငွေလိုအပ် သည်ဟု ဆိုကာ   ၎င်းတို့နှစ်ဦးမှ   ငွေကျပ်သိန်း ( ၅ဝဝဝ )  ခေတ္တ အကူအညီပေးရန်   တောင်းခံခဲ့ကြောင်း   သိရသည်။ ထိုသို့   ဦးစိုးလှိုင် ( ခ ) ဦးအောင်အောင်မိုးထံမှ   ငွေကျ ပ်သိ