တပ်ကြပ်ကြီးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်သားကို လိုက်လံရှာဖွေနေ

ငပုတောမြို့နယ်မှာ တပ်ကြပ်ကြီးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားကို ကန်ကြီထောင့်မြို့နယ်ကကျေးရွာတွေမှာ လိုက်လံရှာဖွေနေ
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့၀င်များရောက်ရှိလာပြီး ငပုတောမြို့နယ်မှာ စစ်ကောင်စီတပ်ကြပ်ကြီးကိုသေဆုံးအောင်ပစ်ခတ်ပြီးထွက်ပြေးနေတဲ့တပ်သားကို လိုက်လံရှာဖွေနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ကန်ကြီးထောင့်မြို့နယ်က ပေပင်ကြီး၊ ပေပင်လေး၊ ရေတွင်းကုန်း၊ အုန်းပင်စုစတဲ့ ကျေးရွာတွေကို၀င်ရောက်စစ်ကြောင်းထိုးရှာဖွေမှုတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်များရေတွင်းကုန်းကျေးရွာဘုန်းကြီးကျောင်းမှာ လက်ရှိအချိန်ထိတပ်စွဲထားတယ်လို့ သိရပါတယ်။"အဲ့တပ်သားက ကန်ကြီးထောင့်ဘက်မှာရှောင်နေတယ်ကြားလို့ဆိုပြီး အင်အားအပြည့်နဲ့လာတာ။ရှာရင်းနဲလဲနယ်မြေစိုးမိုးရေးလုပ်မယ်လို့လဲ ကြားတယ်"လို့ အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ညက ဟိုင်းကြီးကျွန်းမြို့ကျေးရွာအုပ်စု၊ အုန်းချောင်းရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်အတွင်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့ကာကျူးလွန်ခဲ့တဲ့တပ်သားကို ပိတ်ဆို့ရှာဖွေနေပေမယ့် ၁၀ရက်ကြာသည်အထိဖမ်းမမိသေးဘူးလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
သေဆုံးသွားသူမှာ တပ်ကြပ်ကြီး တင်၀င်းဆိုသူဖြစ်ပြီး ပစ်ခတ်ခံရတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကာကျူးလွန်သူစစ်ကောင်စီတပ်သား လင်းထွဋ် မှာ ထွက်ပြေးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များက သက္ကယ်သောင်ကျေးရွာ၊ အုန်းချောင်းရွာ အနီးတစ်ဝိုက်နှင့်ထိပ်စွန်းဒေသ တစ်ဝိုက်ကသစ်တောတွေကို ပိတ်ဆို့ ကာ တောနင်းရှာဖွေခဲ့ပြီး မတွေ့တာကြောင့်ပုသိမ် - ငပုတောကားလမ်းပေါ်က ကန်ကြီးထောင့်မြို့နယ်အပိုင် ကျေးရွာတွေဘက်ကိုလာရောက်ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
  #ကန်ကြီးထောင့် #တပ်ကြပ်ကြီး #စစ်ကောင်စီ #ငပုတော #ပစ်ခတ် #လိုက်လံရှာဖွေ

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်