စစ်သားအချင်းချင်း ပစ်သတ်ခဲ့သည့် တပ်သားမျိုးမြင့် KLG PDF ထံလက်နက်နှင့်တကွ အလင်းဝင်

ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အတူကင်းစောင့်နေသည့် စစ်သားအချင်းချင်း ပစ်သတ်ခဲ့သည့် တပ်သားမျိုးမြင့် KLG PDF ထံလက်နက်နှင့်တကွ အလင်းဝင်
ဧရာဝတီတိုင်မ်း
(ကနီ)၊ ဖေဖော်ဝါရီလ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့ပေါ်တွင် အတူကင်းစောင့်နေသည့် စစ်‌ကောင်စီ တပ်သားအား သေနတ်ဖြင့်ပစ်သတ်၍ ထွက်ပြေးလာသည့် တပ်သားမျိုးမြင့်ဆိုသူမှာ ကျောက်လုံးကြီး KLG တပ်မဟာထံ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံစွာရောက်ရှိခဲ့ကြောင်း သိရသည်။
မုံရွာမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ (၉၂၉) ထောက်ပို့တပ်ရင်းမှ တပ်သား မျိုးမြင့် ကိုယ်ပိုင်အမှတ် တ(၅၇၀၄၅၇) သည် MA-1 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ ၂၈ ဝောာင့်နှင့်အတူ KLG တပ်မဟာထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
"သူက ကနီမြို့ပေါ်မှာတာဝန်ကျတာ ၁ နှစ်ကျော်ပြီ။ ကနီမြို့ပေါ်မှာ အတူကင်းစောင့် နေတဲ့တပ်သားကို သေနတ်နဲ့ပစ်သတ်ပြီး‌ထွက်ပြေးခဲ့တာ။ ပစ်ပြီးပြီးချင်း နောက်က လိုက်လာကြလို့ သေနတ်ကကတော့ သူ့ကိုယ်ပိုင် သေနတ်ပဲယူခဲ့နိုင်တယ်။ မနေ့က ကျွန်ဝောာ်တို့ဆီရောက်တယ်" ဟု KLGတပ်မဟာ တာဝန်ရှိသူက ဧရာဝတီတိုင်းကို ပြောသည်။
CDM ပြုလုပ်လာသူ တပ်သားအား ဆုကြေးငွေပေးအပ်မည့် အခမ်းအနားလုပ်‌ဆောင် သွားရန် စီစဉ်ထားပြီး ဆုကြေးငွေမည်မျှ‌ ပေးအပ်မည်ကို သိရှိရခြင်းမရှိပေ။
ကျောက်လုံးကြီး KLG သို့ အလင်းဝင်၍ CDM ပြုလုပ်လာသည့် တပ်သားမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အတူကင်းစောင့် နေသည့်စစ်သားကို ပစ်သတ်၍ ထွက်ပြေးလာသူဖြစ်ပြီး ၎င်းအား ကနီရှိ စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ပိတ်ဆို့ရှာဖွေခဲ့ကြောင်း သိရသည်။
 

 

Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း