ကဒဲရွာတွင်အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီး

ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရန်ကုန်ခေတ်သစ်သတင်းဌာန

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ကဒဲကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ကျော်ဖြင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ရွာလုံးလုံးကျွတ် ထွက်ပြေးနေရကြောင်း၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ဦးကို ရိုက်နှက် ဖမ်းသွားကြောင်း သိရှိရသည်။

"တနင်္သာရီတိုင်း ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ခွေးအင်အား၂၀၀ခန့် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းကနေ ညနက်တဲ့အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိမ်ခြေတစ်ရာနီးပါး မီးလောင်ပြာကျသွားပါတယ်။ သံဃာတော် ၂ ပါး အပါ ပြည်သူ ၂၀ ကိုလည်း ဖမ်းသွားပါတယ်။ အခုထက်ထိ သတင်းမရသေးပါဘူး"ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကဒဲကျေးရွာအနီးတွင် PDF တပ်စခန်းကို ဝင်ရောက်စီးနင်းဖျက်ဆီးပြီး နောက် ကဒဲကျေးရွာကို ရွာလုံးကျွတ် ဖျက်ဆီး မီးတင်ရှို့လာခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် ဒေသ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲကာ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရှိရသည်။






 

Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်