အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း ရောက်ရှိလာမည် ဖြစ်

အမေရိကန် ပြည်ထောင်စု ၏ ထိုင်းနိုင်ငံ ဆိုင်ရာ စစ်သံမှုး ကပ် လက်ဖလာ မှ လာမည့် ဖေဖေါ်ဝါရီ ၂၇ မှ မတ်လ ၁၀ နေ့အထိ ထိုင်းနိုင်ငံ အတွင်း ၁၁ နေရာ ခွဲပြီး ပြုလုပ်မည့် Cobra Gold စစ်ရေး လေ့ကျင့်မှူ အတွက် အမေရိကန် တပ်သား ၆,၀၀၀ ကျော် ရောက်ရှိလာမည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။

အင်ဒိုနီရှား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီယား၊ စင်္ကာပူ တို့မှ စစ်ရေး လေ့ကျင်မှု တွင် ပါဝင်ကြမည် ဖြစ်ပြီး  နိုင်ငံပေါင်း ၃၀ နီးပါး က လေ့လာသူ အဆင့် တက်ရောက်မည် ဖြစ်သည်။ စုစုပေါင်း စစ်သည်အင်အား ၇,၃၉၄ ဦး ပါဝင်မည် ဆိုသဖြင့် ထိုအထဲတွင် အမေရိကန် ဖက်မှ ၆,၀၀၀ ဖြစ်နေသည်ကို ‌တွေ့ရသည်။ Cobra Gold စစ်ရေး လေ့ကျင့်မှု တွင် ယခုနှစ်သည် အမေရိကန် ဖက်မှ ပါဝင်သည့် စစ်အင်အားသည် အများဆုံး ဖြစ်သည်ဟု ဆိုသည်။

ထိုစစ်ရေး လေ့ကျင့်မှု အား ထိုင်း ဘုရင်တပ်မတော် နှင့် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်တို့ မှ ပူးတွဲ ကျင်းပခြင်း ဖြစ်ပြီး ၄၂ ကြိမ် ရှိသွားပြီဟု သိရသည်။

Cobra Gold အား ကမ္ဘာပေါ်တွင် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု ကြီး ဖြစ်သည်။

သဘာဝ ဘေးအန္တရာယ် အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ အပြင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှု အမျိုးမျိုး အတွက်လည်း ကြိုတင် လေ့ကျင် နိုင်ရန် အတွက် ဖြစ်သည်ဟု ကန် စစ်သံမှုးက ဆိုသည်။

ထို့အတွက် ကမ်းတက် စစ်ဆင်ရေး၊ တောတွင်း စစ်ဆင်ရေး များ ပါဝင်မည် ဖြစ်သည်။

မြန်မာ စစ်တပ် အတွက် ပြဿနာ ရှိလာရသည်က လေ့လာသူ အဖြစ်ပင် ပါဝင်ခွင့် မရခဲ့ပြန်၍  စစ်အာဏာသိမ်း အဖွဲ့ အနေဖြင့် လိုရမည်ရ ‌ဆိုကာ တပ်လှန့်ထားဖို့ ရှိနေသည်။

ထိုသို့ ပါဝင်ခွင့် မရခဲ့ခြင်းသည် limited seat "‌နေရာ ကန့်သတ်ထားမှု" ကြောင့် ဟု ထိုင်းတပ်မတော် ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သစ်တီချိုင်း တီယန်တွန် မှ ဆိုသည်၊ ယခု အကြိမ်နှင့် ဆိုလျှင် မြန်မာ အား ဘေးဖယ်ထုတ်ထားသည်မှာ သုံးကြိမ် ဆက်တိုက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထိုင်း စစ်ဖက် အကြီးအကဲ အား မကြာသေးမီက 
ငပလီ ခေါ် ဆွေးနွေးခဲ့သော်လည်း တကယ်တမ်းတွင် ထိုင်းသည် ဒေသတွင်း အမေရိကန် မဟာမိတ် ကြီး အဖြစ် ရပ်တည်သွားရမည့် အရေး မှ တပြားသားမှ အပွန်းခံမည် မဟုတ်သည်က သိသာနေပေသည်။

စစ်အာဏာသိမ်း အဖွဲ့သည် ပြည်တွင်းတွင် မည်မျှပင် ဟန်ကိုယ့်နေကြရသော်လည်း နိုင်ငံတကာတွင် လူတော မတိုးတော့သည့် ဘဝ နှင့် ညိုးငယ်စွာ ရပ်တည်နေရရှာပြီ ဖြစ်သည်၊ ထိုအနေအထားသည် မည်သို့မျှ ပြောင်းလဲ၍ ရတော့မည် မဟုတ်။

ရပ်ကွက်ထဲတွင် အလှုအတန်း ရှိပါက ကိုယ့်တအိမ်တည်း ကွက်၍ ဖိတ်ကြားမခံရချင်းသည် မည်မျှ အထိ ရှက်ရွံသိမ်ငယ်ရှာပေမည်နည်း ဆိုသည်က ‌တွေးကြည်ယုံ ဖြင့် သိသာ နိုင်ပေသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ
ကိုးကား - Asian Defence Journal (ADJ)


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်