နတ်ပြည်လဲရောက် ပတ်စပို့လဲရတဲ့နည်း

ဒီနေ့ passport လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုဆီဖုန်းဆက်မေးမြန်းမိတယ်
"passport ရုံးကပိတ်ထားလား"ဆိုတော့
ပိတ်ထားတယ် တဲ့
ဒါပေမယ့်ဖွင့်တဲ့နည်းလမ်းတော့ရှိတယ်
ဗုဒ္ဓဂါယာဘုရားဖူးဆို လုပ်ပေးတယ်တဲ့
"ဟမ် ပိတ်ထားတယ်ဆို "ဆိုတော့
ပိတ်ထားပေမယ့် ဒီကိစ္စအတွက်ဆို ဖွင့်တယ်တဲ့
"ဒါဆို ဗုဒ္ဓဂါယာသွားမယ်ဆိုပြီး passport လုပ်မယ်
ပြီးမှမသွားဘူးပေါ့"ဆိုတော့
အဲလိုလုပ်လို့မရဘူး သွားကိုသွားရမယ် အစအဆုံး လိုက်ရမယ်
ပြန်လာရင်လည်း Immigration အဝင်/အထွက်တုံး ပြန်တင်ပြရမယ်
အဲံဒီခရီးစဉ်ပြီးမှ ကျန်တဲ့ကိုယ်သွားချင်တဲ့နေရာသွားတဲ့
"လူတွေမှာ အကြောင်းကိစ္စကိုယ်စီ
အလုပ်ကိစ္စ စီးပွားရေး လူမှုရေးကိစ္စ ကျန်းမာရေးကိစ္စ
သာရေးနာရေးကိစ္စ ပညာရေးကိစ္စတွေနဲ့ နိုင်ငံရပ်ခြားတွေကိုသွားနေကြတာ
အဲဒါတွေကအရေးမကြီးဘူး ဘုရားဖူးတာကမှအရေးကြီးတာပေါ့
အဲလိုလား"ဆိုတော့
အေး
ဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံကွ
အားလုံးကို နတ်ပြည်ပို့ပေးနေတာ
passport လုပ်သူမြန်မာနိုင်ငံသားတိုင်း နတ်ပြည်ရောက်ရမည်ဆိုတဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နေတာအမေးအမြန်းတွေလာမထူနဲ့ ယီးပဲ ဆိုပြီးဖုန်းချသွားတယ်
ဂယ်ပဲ
Min Yel Kyaw Swar
 

 

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်