ညီနန္ဒလာကယ်နေပြီမမို့

အကယ်ဒမီ မို့မို့မြင့်အောင် နှင့် ခင်ပွန်းဟောင်းအား

 ငွေကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် အမှုဖွင့်ထား


NP News - ဖေဖော်ဝါရီ ၁၈
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် 

ခင်ပွန်းဟောင်းဖြစ်သူ ဦးမောင်မောင်ကျော်တို့အား ငွေ

ကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် ပဲခူးတိုင်း၊ အင်းတ

ကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ အမှုဖွင့်ထား

ကြောင်းသတင်းရရှိသည်။

အင်းတကော်မြို့၊ ထန်းပင်ချောင်ကျေးရွာနေ ဦးစိုးလှိုင်

()ဦးအောင်အောင်မိုး ဆိုသူက တရားလိုပြုလုပ်ကာ 

အင်းတကော်ရဲစခန်းသို့ လာရောက်အမှုဖွင့်ခဲ့ခြင်း

ဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သော သတင်းအရင်း

အမြစ်က NP News ကို အတည်ပြုပြောဆိုထားသည်။

ဦးစိုးလှိုင်()ဦးအောင်အောင်မိုးနှင့် ဦးမောင်မောင်

ကျော်၊ ဒေါ်မို့မို့မြင့်အောင်တို့သည် ခင်မင်ရင်းနှီးသည့်

 ဆက်ဆံရေးရှိခဲ့ကြောင်း သိရပြီး ထားဝယ်ဆိပ်ကမ်း

လုပ်ငန်းအတွက် အရေးတကြီးငွေလိုအပ်သည်ဟု

ဆိုကာ ၎င်းတို့နှစ်ဦးမှ ငွေကျပ်သိန်း(၅ဝဝဝခေတ္တ

အကူအညီပေးရန် တောင်းခံခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးစိုးလှိုင်()ဦးအောင်အောင်မိုးထံမှ ငွေကျပ်သိ

န်း(၅ဝဝဝ)ကို ရယူခဲ့ပြီးနောက် ဦးမောင်မောင်ကျော်နှင့်ဒေါ်မို့မို့မြင့်အောင်တို့အား အကြိမ်ကြိမ် ပြန်လည်တောင်းခံခဲ့ သော်လည်း ပေးအပ်ခြင်းမရှိခဲ့ကြောင်း

 သိရသည်ဟု အထက်ပါသတင်းအရင်းအမြစ်က

 ဆိုထားသည်။
ထို့ပြင် နှစ်ဖက်အကြား တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်

ခဲ့ပြီး ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ငွေကျပ်သိန်း(၅ဝဝဝ)အား ပြန်လည်ပေးဆပ်မည်ဟု ဦးမောင်မော်ကျော်တို့ ဘက်မှ ခံဝန်ကတိလက်မှတ်

ရေးထိုးမှုများရှိခဲ့သော်လည်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ကာ ရှောင်တိမ်းနေလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
ထို့ကြောင့် ငွေထုတ်ပေးခဲ့သော ဦးစိုးလှိုင်()ဦးအောင်အောင်မိုးသည် အင်းတကော်ရဲစခန်းသို့သွားရောက်ကာ ဦးမောင်မောင်ကျော်နှင့် ဒေါ်မို့မို့မြင့်အောင်

တို့အား အရေးယူပေးရန် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ 

ဖြင့် အမှုဖွင့်ခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သောသ

တင်းအရင်းအမြစ်က ဆိုထားသည်။
ထိုသို့ အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍လတ်တ

လောတွင် သရုပ်ဆောင်မို့မို့မြင့်အောင်ဘက်မှ တစ်စုံ

တစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံပိုင်

သတင်းစာ၌ သရုပ်ဆောင်မို့မို့မြင့်အောင်သည်၎င်း

၏ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်နှင့် တရားဝင်

ကွာရှင်းပြီးဖြစ်ကြောင်း ကြေညာခဲ့သည်ကို တွေ့ရှိရသည်။
ဦးမောင်မောင်ကျော်အနေဖြင့် ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျူးလွန်ထားခြင်းကြောင့် လက်ခံခွင့်လွှတ်နိုင်စွမ်း မရှိသည့်အတွက် နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းပြီး ဖြစ်ကြောင်း သရုပ်

ဆောင်မို့မို့မြင့်အောင်ဘက်က ကြေညာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။



Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ