သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ ထုတ်ပေး၊  ကျောက်ပန်းတောင်းတွင် ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက  ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လက်နက်ကိုင်ဆောင်ခွင့် လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ တပ်ဆင် ထုတ်လုပ်ပေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့သည် စစ်တပ်က ထုတ်လုပ် ပေးသည့် ပစ္စတို သေနတ်များ စတင်ရရှိနေကြပြီး လက်နက်ငယ် ပစ်ခတ်မှု သင်တန်းကို ရက်တို ပုံစံဖြင့် သင်ကြား နေကြရကြောင်း သိရှိရသည်။ 

"လှိုင်သာယာနဲ့ သာကေတ ဘက်က ရပ်ကွက် လူကြီးတချို့ ပစ္စတိုတွေ စရတယ်။ အခြားမြို့နယ်က ရပ်ကွက်လူကြီးတွေ ရ၊ မရတော့ မသိသေးဘူး။ လှိုင်သာယာဘက်နဲ့ သာကေတ ဘက်တော့ ပစ္စတိုလေးတွေ အုပ်ချုပ်ရေးမှူးတချို့ရနေကြပြီ။ အဲဒါ လျှောက်လွှာတင်စရာမလိုဘဲ ထုတ်ပေးတာလို့ သိရပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ် တစ်ခုက ပြောသည်။ 

အလားတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုုပ်ရေးမှူးတချို့ကိုလည်း စစ်ကောင်စီက လက်နက် ငယ်များ ထုတ်ပေးသည်ဟု သိရှိရကြောင်း ဒေသပြည်သူတချို့က ပြောသည်။ 

"ပြည်မြို့မှာ ဒလန်တွေလည်း ပေါ၊ ပျူစောထီးတွေလည်း ပေါတယ်။  ဒီကောင်တွေလက်နက်မရှိတဲ့အချိန်တောင် မြို့ပြ ပျောက်ကျားလုပ်ဖို့ ခက်ခဲနေတာ။  အခုလည်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို လက်နက်ချပေး နေပြန်တော့ ပိုပြီး ဖိနှိပ်ခံရမှာ စိုးရိမ်တယ်။ နေသာလို နေကြတော့ အသေ နာကြရမယ့်  အခြေအနေ ဖြစ်နေတယ်" ဟု ပြည်မြို့သားတစ်ဦးက ဆိုသည်။ 

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ရဲမှူးနှင့် စခန်းမှူးက ကျောက်ပန်းတောင်းမြို့နယ် လ၀က ဦးစီးမှူးကို သေနတ်ပစ် သင်ပေးစဉ် လ၀က ဦးစီးမှူး၏ ပေါင်ကို သေနတ်ကျည်ထိမှန်ပြီး အရိုးအတွင်းအထိ အက်ကျိုး သွားသဖြင့်  သိရှိရသည်။ 

"ဒီလ ၁၂ ရက်နေ့  လ၀ကမှ ဦးစီးမှူး၊ ကျောက်ပန်းတောင်း ရဲမှူး နှင့် စခန်းမှူးတို့က  Home Tea Shop မှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့ မြို့နယ်ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်းသင်ပြပေးတယ်။ လ၀ကဦးစီးမှူးက စစ်တပ်က ထုတ်ပေးထားတဲ့ လက်နက်ရထားတယ်။ အဲဒီလို သေနတ်ပစ်နည်း သင်ပြနေတုန်း ကျည်က ထွက်သွားပြီးတော့ လ၀က ဦးစီးမှူးရဲ့ ပေါင်ကိုမှန်၍ ပေါင်အရိုး အက်ကျိုးသွားတယ်။ အခုက လ၀က ဦးစီးက မိထ္ထီလာစစ်ဆေးရုံမှာ ပို့ထားရတယ်" ဟု ကျောက်ပန်းတောင်းမြို့မှ ပြည်သူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနထံသို့ မဘသများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်မှု
ထမ်းဟောင်းများက လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားမှုများပြားလျက်ရှိပြီး စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ယမန်နှစ် ရေစကြိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိကိုင်ဆောင်သော ပစ္စတို တစ်လက်ကို တိုက်ပွဲအတွင်း  သိမ်းဆည်းရရှိမိခဲ့စဉ်။



Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော