စစ်မှုထမ်းဟောင်းများကို နေ့စားခ ၁ သောင်းပေးပြီး အသုံးပြုနေ

မအူပင်မြို့တွင် စစ်မှုထမ်းဟောင်းများကို နေ့စားခ ၁ သောင်းပေးပြီး စစ်ကောင်စီက လုံခြုံရေးအတွက် ပြန်လည်အသုံးပြုနေရ
နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၁၈ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့လုံခြုံရေး အင်အားလျော့နည်းလာတာကြောင့် စစ်မှုထမ်းဟောင်း ဝန်ထမ်း တွေကို နေ့စားခပေးပြီး လုံခြုံရေး စောင့်ခိုင်းတာတွေနဲ့ ကင်းလှည့်ခိုင်းတဲ့နေရာတွေမှာ အသုံးပြုနေရတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဟောင်းဝန်ထမ်းတွေကို နေ့စားခ တစ်နေ့ ၁ သောင်းပေးပြီး မြို့ပေါ်မှာရှိတဲ့ ကင်းစောင့်တဲ့နေရာတွေနဲ့ ကင်းလှည့်တဲ့နေရာတွေမှာ ပြောက်ကျားယူနီဖောင်းတွေ ပြန်ထုတ်ပေးပြီး အသုံးပြုနေရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ တစ်နေ့ကို တစ်သောင်းပေးပြီး ကင်းလှည့်တာတွေရော ကင်းစောင့်တာတွေရော သုံးနေတာ၊ ဧည့်စာရင်းစစ်တာတွေမှာလည်းပါတယ်၊ စစ်မှုထမ်းဟောင်းရော၊ သတင်းပေး ဒလန်တွေရော ပြောက်ကျား ဝတ်ခိုင်းပြီး သုံးနေတာ”လို့ ဒေသခံ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အားလျော့နည်းလာလို့ လုံခြုံရေးအတွက် နေ့စားခပေးကာ ခေါ်ယူပြီး အင်အင်းဖြည့်အသုံးပြုနေတဲ့အထဲမှာ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်နဲ့ သတင်းပေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအတွက် နေ့စားခ ၁ သောင်းပေးပြီး စစ်ကောင်စီတပ်က ခေါ်ယူအသုံးပြုနေတဲ့သူတွေဟာ ဒေသခံပြည်သူတွေ ခရီးသွားလာတဲ့အခါ စစ်ဆေးတာတွေပြုလုပ်ပြီး ငွေညှစ်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်