ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော် စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၄နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီမှ သေနတ်ထုတ်ပေးထားပြီး ရာအိမ်မှူး လုပ်နေသူ ဇော်ဝင်းထွန်းဆိုသူအား ၇၉ လမ်းထောင့်တွင် ပစ်ခတ်ရှင်းခင်းခဲ့ခြင်းဖြစ်ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။
" သူက ဆယ်အိမ်မှူးကနေ ရာအိမ်မှူးဖြစ်တာ မကြာသေးဘူး၊ သူ့ကို ၇၉ လမ်းရှိ ပညာပျိုးခင်း ထောင့်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ သူ့ဆီက လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၅ တောင့်၊ ငွေသားနဲ့ဖုန်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်၊ သူ့အလောင်းကို စစ်ကောင်စီက လာသယ်ပြီးစစ်ဆေးနေတေယ်လို့တော့သိတယ်"ဟု အောင်စည်တော်အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
နောင်တွင်လည်း စစ်ကောင်စီအလိုကျ ပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေသည့် စစ်ကောင်စီဒေါက်တိုင်မည်သူကိုမဆို အောင်စည်တော်အဖွဲ့အနေဖြင့် ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ဖေဖော်ဝါရီ ၄ ရက်နေ့များတွင် အောင်စည်တော်စစ်ဆင်ရေးအဖြစ် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရာအိမ်းမှူး ခင်မောင်နှင့် အုပ်ချုပ်ရေးမှူး သာဌေး ဆိုသူများကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။
#ချမ်းမြသာစည် #သေနတ်ကိုင်ခွင့်ရ #ရာအိမ်မှူး #ရှင်းလင်းခံရ #သေနတ် #သိမ်းဆည်းရရှိ
#Ayeyarwaddy_Times
Comments