Posts

Showing posts from June 20, 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

Image
ဇွန် ၂၀၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိစျာပနကို လာမယ့် ဇွန်လ ၂၇ ရက် မှာ ကျင်းပမှာ ဖြစ်တယ်လို့ ဆရာတော် ဘုရားကြီး၏ တပည့်သံဃာ တော် များ ထံ က သိရပါတယ်။ ဇွန်လ ၁၉ မနက်ပိုင်း ၁၀ နာရီကျော်က ဆရာတော်လိုက်ပါလာသည့်ကား ကို  စစ်တပ်မှ ပစ်ခတ်ခဲ့တာကြောင့်  ကားပေါ် မှာပါလာတဲ့   ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ကျည်ထိမှန်ခဲ့ကာ  ဆရာတော်ကြီးပျံလွန်တော်မူသွားခဲ့ကာ အတူလိုက်ပါလာတဲ့ဆရာတော်တပါးနဲ့ယာဉ်မောင်းသူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သံဃာအသိုင်းဝိုင်းမှ သိရပါတယ်။ ဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကို ဇွန်လ ၂၀ရက်နေ့ မနက်၄နာရီခန့်မှာ ဆရာတော်ကျောင်းထိုင်ခဲ့သည့် ပဲခူးရှိ ဝင်းနိမ္မိတာကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာတယ်လို့သိရပါတယ်။ ဆရာတော်ကြီး၏ ဈာပန အခမ်းအနားကျင်းပပူဇော်ရန် အတွက်  အစည်းအဝေးကို ယနေ့နေ့လည်၁နာရီ က ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ "အစည်းဝေး အတည်ပြုချက်အရ နယုန်လပြည့်ကျော်(၃-၄-၅)ရက် ဇွန်လ၂၄၊၂၅၊၂၆ရက် တွေမှာ  ညတရားပွဲ (၃)ရက်တိုင်တိုင် ကျင်းပပူဇော်မယ် အန္တိမအဂ္ဂိစျာပနကို ဇွန်လ ၂၇ ရက် န