Posts

Showing posts from June 8, 2023

သာသနာ့ မြေ ၇ ဧက ကျော်ကို မင်းအောင်လှိုင် ပြန်မပေးဘဲ အဓမ္မ သိမ်းခဲ့မှု ဆရာတော့် အခေါင်းထမ်းရုံနဲ့ ကျေနိုင်ရိုးလား

Image
နိုင်ငံတော် သံဃာ မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ကမ္ဘာအေးသာသနာ့ မြေ ၇ ဧက ကျော်ကို မင်းအောင်လှိုင် ပြန်မပေးဘဲ အဓမ္မ သိမ်းခဲ့မှု ဆရာတော့် အခေါင်းထမ်းရုံနဲ့ ကျေနိုင်ရိုးလား By ရန်ကုန်ခေတ်သစ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မေလ ၂၅ ရက်နေ့မှာ ပျံလွန်တော်မူပြီး ဇွန်လ ၇ ရက်နေ့မှာ ဆရာတော်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာတွေကို ဧရာ၀တီမြစ်ထဲမျှောလို့ ဈာပန အခမ်းအနား ပြီးစီးခဲ့ပါတယ်။  ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ မင်းအောင်လှိုင်က ဆရာတော်ကြီးရဲ့ အခေါင်းကို ထမ်းတာ ၊ ရုပ်ကလပ်ကို ရှစ်ခိုးတာတွေနဲ့ ဈာပနကို တက်ရောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတွေ လုပ်ပေမယ့်လည်း မင်းအောင်လှိုင်က ဆရာတော်ကြီးဆီကနေ သာသနာ့မြေ လုယူ သိမ်းဆည်းခဲ့တဲ့ အပြစ်ကိုတော့ ကျေနိုင်မှာ မဟုတ်ပါဘူး။  ကမ္ဘာအေး သာသနာ့မြေထဲက  မြေဧက ၇ ဒသမ ၃၀၉ ကို မင်းအောင်လှိုင်ရဲ့ စစ်တပ်က သိမ်းယူခဲ့ပါတယ်။ ဆရာတော်ကြီးက သာသနာ့မြေကို ပြန်ပေးဖို့ စာရေးပြီး တောင်းဆိုပေမယ့်လည်း မင်းအောင်လှိုင်က ပြန်မပေးတဲ့ အပြင် ဆရာတော်ကြီးကိုပါ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်ခဲ့ပါသေးတယ်။  ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာတော့ သူမဟုတ်တဲ့အလား မ

ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

Image
အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူ အဖြစ် စစ်တပ်၏ စွပ်စွဲ ဖမ်းဆီးခံထားရသော ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ် ■ ထန်းတပင်မြို့နယ် မဘသ ဒုဥက္ကဋ္ဌ လူမိုက် ပျူစောထီး နိုင်ကြီးအဖွဲ့က သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့  ရန်ကုန်၊ ဇွန် ၇  ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်၊ မဘသအသိုင်းအဝိုင်းနှင့် စစ်ဘက်သတင်းရင်းမြစ် တချို့ထံမှ သိရှိရသည်။  မေလ ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ အစွန်းရောက် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ) အီးတီတို့ကို လုပ်ကြံ သတ်ဖြတ်သူများအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာ