ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ထိုင်း အတိုက်အခံပါတီ "ဖတ်ကောင်းကိုင်พรรคก้าวไกล မှ လွှတ်တော်အမတ် နိုင်ရန်(င်)စီမံရို(မ်นายรังสิมันต์โรม (ဝန်ကြီးချုပ်လောင်းဟာ လက်ရှိအစိုးရကို #အယုံအကြည်မရှိအဆို ကို ယနေ့၊ ဖေဖေါ်ဝါရီလ ၁၅ မှာလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ 


အထက်လွှတ်တော်အမတ် ဥပကစ်နှင့် မင်းအောင်လှိုင်လူယုံထွန်းမင်းလတ်တို့ဟာ ထိုင်း-မြန်မာနယ်စပ်က မူးယစ်ဆေးဝါးကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါ ပါဝင်ပတ်သက်နေကြောင်း။ 


ဒါ့အပြင် ဥပကစ်ဟာ အရင်သူပြောခဲ့သလိုဘဲ "သူဟာ ကိုယ်ပိုင် စီးပွါးရေးလုပ်ငန်းတွေမလုပ်တော့ဘူး၊ သူ့ရဲ့ပိုင်ဆိုင်မှုတွေ ရောင်းလိုက်ပြီလို့ပြောနေပေမယ့်...


ဥပကစ်ဟာ သူပိုင်တဲ့ ဘန်ကောက်မြို့လယ်က UPA ကုမ္ပဏီကို (အဆောက်အဦးနှင့် မြေ အပါအဝင်၂၀၂၀ မှာရောင်းလိုက်ပြီဖြစ်တယ်လို့ပြောခဲ့ပေမယ့်၊ ဩဂုတ်လ  ရက်၊ ၂၀၂၁ မှာတော့ အဲဒီ မြေနှင့် အဆောက်အဦးပါ UPA ကုမ္ပဏီကိုဘဲ

ဘတ် ၁၀၁ သန်းနဲ့ ဥပကစ်က ပြန်ဝယ်ခဲ့ရာ ယနေ့အထိ သူ့အမည်နဲ့ဘဲ ပြန်လည်ပိုင်ဆိုင်နေပါတယ်။ (အဲဒီပတ်ဝန်းကျင်တဝိုက်မှာရှိတဲ့တန်ဖိုးဟာ ပုံမှန်ဈေး အနည်းဆုံး သန်း ၁၅၀ ရှိတာကြောင့် ဥပကစ်ဟာ အရောင်ပြအရောင်းအဝယ် အမည်အလွှဲအပြောင်း လုပ်တာသာဖြစ်ပါတယ်)


ဒါ့အပြင် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ် ကိုယ်စားပြုဝင်ပြိုင်မယ့် "ဖတ်လိုဝမ်ထိုင်စန်းချာ့ဆိုတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ (ဥပကစ် အပါအဝင်မဲဆောက်က လူကုန်ကူးမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြောင်း။ ရဲဖမ်းထားတဲ့ အမှု သက်သေ အထောက်အထားတွေကိုလည်း ဖျောက်ဖျက်ခဲ့ကြကြောင်း။


အထူးသဖြင့် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ဟာ မူးယစ်ဆေးဝါးကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါ ပါဝင်ပတ်သက်နေကြတဲ့ သူခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ဥပကစ်နှင့် မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်တို့ အတူပူးပေါင်းပါဝင် ပတ်သက်နေကြောင်း... 


#stevensanyu 

ဖေဖေါ်ဝါရီလ ၁၅ ရက်၊ ၂၀၂၃


#ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန္နဝါရီလ၂၃ရက်နေ့ရုံးထုတ်မည်


မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်နှင့် သူ့ရဲ့အတွင်းရေးမှုး၊ စစ်တပ်ခန့် ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ သမက်နှင့် သူ့ရဲ့အတွင်းရေးမှုးတို့ကို လာမယ့်ရက်ပိုင်းအတွင်း၊ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ ရုံးထုတ်ပါမယ်။


စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်က သူ့သမက်ကို လောလောဆယ် တရားခံစာရင်းထဲမထည့်ဘဲအပြစ်မရှိသေးသူစာရင်းထဲ (သံသယရှိသူအဆင့်မှာသာမှာသာထားပေးဖို့တောင်းဆိုတာကို တရားရုံးက လက်မခံဘဲ ပါယ်ချခဲ့ပါတယ်။ ဒါ့အပြင် သူတို့  ယောက်လုံးကိုလည်း အာမခံပေးဖို့လျှောက်တာ  ကြိမ်ရှိပြီဖြစ်ပေမယ့် ကြိမ်လုံးကို တရားရုံးက ပါယ်ချခဲ့ပါတယ်။ 





မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကို စွဲချက်တင်ထားတဲ့အမှုအ‌ရေအတွက်က အများကြီးဖြစ်ပြီး အဲဒီအမှု‌တွေထဲမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စတာတွေအဓိကပါဝင်ပါတယ်။ 

ကျန်တဲ့  ယောက်ကိုလည်း သူနှင့်အမှုတူ စွဲချက်တင်ထားပေမယ့် ထွန်းမင်းလတ်က နံပါတ်  ဖြစ်ပြီး၊ ဥပကစ်ရဲ့သမက်က နံပါတ်  ဖြစ်ပါတယ်။


စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်ဟာလည်း ထွန်းမင်းလတ်နဲ့အမှုတွဲတူ မင်းအောင်လှိုင်လူယုံဖြစ်သလို၊ ရဲတွေလက်ထဲမှာလည်း အထောက်အထားတွေပြည့်စုံစွာရထားလို့ "ဖမ်းဝါရမ်းပါရထားပြီးကာမှ ရက်ပိုင်းအတွင်းမှာဘဲ "သာမန် ဆင့်ခေါ်စာအဖြစ် ဘာကြောင်းပြချက်မှမရှိဘဲပြောင်းသွားခဲ့ပါတယ်။  

ဥပကစ်ဟာသူလွှတ်ဖို့နဲ့ သူ့သမက်အပြစ်နည်းအောင် ထွန်းမင်းလတ်အပေါ် အားလုံးပုံချနိုင်ပါတယ်။ 


ထွန်းမင်းလတ်ကို ချနိုင်တဲ့ပြစ်ဒါဏ်တွေက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတခုတည်းအတွက် ထောင်ဒါဏ် ၁၅ နှစ်ရှိပြီး၊ မူးယစ်ဆေးဝါးအမှုအတွက်က အနည်းဆုံးထောင်ဒါဏ် တသက်တကျွန်းမှ သေဒါဏ်အထိဖြစ်ပါတယ်။ ဒါတောင် အခြားအမှုတွေဖြစ်တဲ့ လက်နက်ကုန်ကူးမှုနှင့် ငွေကြေးခဝါချမှုတွေ မပါသေးပါဘူး။


#stevensanyu 

ဇန္နဝါရီလ ၁၉ ရက်၊ ၂၀၂၃


ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ




Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️