စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း

ဒုတိယဗိုလ်မှူးကြီးများ စစ်ကောင်စီတပ်များအတွင်း  

အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း၊ 

 ဒုတိယဗိုလ်မှူးကြီးများ အမိန့်မနာခံဘဲ ပုန်ကန်ခြင်း၊

 အချင်းချင်း ပစ်ခတ်


သတ်ခြင်းများဖြင့်  ဖရိုဖရဲ စတင် ပြိုဆင်း


▪️စစ်သားများ မူးယစ်ဆေးဝါး သုံးစွဲမှု အလွန်များ

ပြား


By ရန်ကုန်ခေတ်သစ်


အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်နေသည့် 

စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု 

ရာခိုင်နှုန်း မြင့်တက်ခြင်း၊  ဒုတိယဗိုလ်မှူးကြီးများ 

အမိန့်မနာခံဘဲ ပုန်ကန်ခြင်း၊ အချင်းချင်း ပစ်ခတ်

သတ်ခြင်းများဖြင့်  ဖရိုဖရဲဖြစ်လာနေ ကြောင်း သိရှိ

ရသည်။ 


စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းမြင့်မားလာ

=============================

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း စစ်သားများ 

တိုက်ပွဲများတွင် သေဆုံးခြင်း၊ တပ်မှ ထွက်ပြေး

ခြင်း၊ တပ်မှ တရားဝင် ထွက်ခြင်း၊ CDM ဝင်ခြင်း 

အပါအဝင် စစ်သား အင်အား  ပြုန်းတီးမှု  မြင့်မား

လာနေကြောင်း စစ်တပ် သတင်းရင်းမြစ်များထံမှ 

သိရှိရသည်။ 


၂၀၂၂ ခုနှစ် နှစ်ပိုင်းမှစတင်၍ လအလိုက် စစ်သား 

အင်အား ပြုန်းတီးမှု ရာခိုင်နှုန်း တအိအိတက်လာ

ကြောင်း၊ တိုင်းစစ်ဌာနချုပ်အလိုက်၊ တပ်ရင်းတပ်ဖွဲ့

အလိုက် စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်း

သည် လအလိုက်  မတူညီကြဘဲ ပျှမ်းမျှ ပြုန်းတီးမှု 

အင်အား  ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား 

အတက်အကျရှိခဲ့ကြောင်း၊  အာဏာသိမ်းကာလ  

နှစ်တာကာလအတွင်း ပြန်ကြည့်လျှင် စစ်သား ပြုန်း

တီးမှုအင်အား ရာခိုင်နှုန်း ထိုးတက်မြင့်မားလာ

သည်ကို သိသိသာသာတွေ့ရကြောင်း စစ်ဘက်သ

တင်းရင်းမြစ်က ဆိုသည်။ 


" နှစ်တာကာလ ပြန်ချုပ်ကြည့်တဲ့အခါ အင်အား

ပြုန်းတီးမှု ရာခိုင်နှုန်းက အနိမ့်ဆုံး ဂဏန်း  လုံး 

ကျော်သွားတယ်။  အဲဒါက အံ့အားသင့်စရာ ရာခိုင်

နှုန်းပါပဲ။ အင်အား ပြုန်းတီးမှု ရာခိုင်နှုန်းများတဲ့ 

တိုင်းစစ်ဌာနချုပ် တပ်တွေထဲမှာ မပခ၊ နမခ၊ ရတခ

တပ်တွေက ရာခိုင်နှုန်း မြင့်မားတယ် " ဟု စစ်တပ်

သတင်းရင်းမြစ်က ပြောသည်။ 


အင်အားပြုန်းတီးမှု ရာခိုင်နှုန်း အနိမ့်ဆုံး ကိန်းဂ

ဏန်း  လုံးကျော်ဆိုသည်မှာ တစ်နိုင်ငံလုံးရှိစစ်  

သားအင်အား ထောင် သောင်းချီ သေဆုံးခြင်း၊ ထွက်

ပြေးခြင်း၊ တပ်မှ ထွက်ခွင့်ရခြင်း၊ CDM လုပ်ခြင်း

များ ပါဝင်ကြောင်း သိရှိရသည်။


မပခသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်ပြီး 

ကချင်ဒေသကို ရည်ညွှန်းကာ၊ နမခသည် အနောက်

မြောက်တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး စစ်ကိုင်းနှင့် ချင်း

ပြည်နယ်ကို အဓိက ရည်ညွှန်းကြောင်း၊ ရတခသည် 

အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်ပြီး ကရင်

ပြည်နယ်နှင့် မွန်ပြည်နယ်ကိုအဓိကရည်ညွှန်းကြောင်း 

သိရှိရသည်။ 


သို့ရာတွင် စစ်တပ်အင်အားပြုန်းတီးမှုနှင့် ပတ်သက်

သော ကိန်းဂဏန်း အချက်အလက်များကို တောင်းခံ

ရာတွင် အချက် အလက်များမှာ ပေး၍ မရကြောင်း၊ 

အင်အားပြုန်းတီမှု စာရင်းတွင်  သီးသန့်ပြုစုသည့် 

အစစ်အမှန် စာရင်း၊ စစ်ကောင်စီထိပ်ပိုင်းခေါင်း

ဆောင်များထံ တင်ပြသည့် လျှော့ချစာရင်း(လိမ်

လည်သည့် စာရင်းဟူ၍ နှစ်မျိုးရှိကြောင်း သိရှိ

ရသည်။ 


တပ်ရင်းတပ်ဖွဲ့များက ၎င်းတို့တပ်များတွင် စစ်ပြေး

များ ရှိလာလျှင်လည်း အမှန်စာရင်း အတိုင်း မတင်

ပြဘဲ လိမ်လည် တင်ပြကြသဖြင့် အင်အားပြုန်းတီး

မှု ရာခိုင်နှုန်းမှာ လက်ရှိတွက်ချက်ထားသည့် နှုန်း

ထက် ပိုမို မြင့်မားနိုင်ကြောင်း စစ်တပ်သတင်းရင်း

မြစ်က ရှင်းပြသည်။ 


ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးများ အမိန့်

မနာခံဘဲ ပုန်ကန်ခြင်း


၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်တွင် 

ရှေ့တာဝန်ချထားသည့် ခမရ  ၄၀၃ မှ ယာယီတပ်

ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ 

ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို 

မိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် 

ဖမ်းဆီး အရေးယူခံခဲ့ရသည်။ 


ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ 

သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး 

ကရင်ပြည်နယ်၊ KNU တပ်မဟာ  နယ်မြေတွင် 

ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်ကြောင်း၊ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ 

KNU တပ်မဟာ  နယ်မြေရှိ မဲသလောက် စစ်တပ်

စခန်းကို KNLA  PDF ပူးပေါင်းတပ်များက သိမ်း

ပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ 

၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး 

ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်

ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် 

အဆိုပါ အရာရှိ  ဦးက  အမိန့်မနာခံဘဲ စစ်တိုက်ရန် 

ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။

 

ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်ပင် 

ခမရ ၄၀၅ မှ  တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်

မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး 

ဗိုလ်မှူး ကြည် သာဖြိုးတို့က  KNU တပ်မဟာ  

နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း 

စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့်  

တပ်တွင်း ပုန်ကန်မှု ပုဒ်မတပ်၍  စစ်တပ်က ဖမ်းဆီး 

အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရ

သည်။


စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ် ပုန်ကန်ကြခြင်း


၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း 

ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနှင့် အီလက်ထ

ရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူး

ကြီး ကျော်စိုး အောင် ကို စစ်သည်  ဦးက သေနတ်

ဖြင့်  ချက် ပစ်သတ်ခဲ့သည်။ 


နောက်တန်း အထိုင်တပ်တွင် အရာရှိကြီးကို စစ်

သည်တစ်ဦးက ပစ်ခတ်ခြင်းဖြစ်ရာ ရှေ့တန်းတပ်

များသာမက  နောက်တန်းအထိုင်တပ်များတွင်ပါ 

အမိန့်မနာခံမှုနှင့် တပ် တွင်း ပုန်ကန်မှုများ ဖြစ်ပေါ်

လာနေကြောင်း သိရှိသည်။  ပစ်ခတ်သည့် စစ်သည်

၏သတင်းမှာ လုံး၀ ပျောက်ဆုံးနေပြီး မိသားစုမှာ

လည်း သတင်းအစအန မရရှိတော့ ဟုသိရှိရသည်။ 


စစ်တပ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့

ကြသော တပ်တွင်းပုန်ကန်မှုများစွာမှာလည်း ဆက်

တိုက်ဖြစ်ပွားခဲ့သည်။ 


၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်

လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာတွင် စစ်ဗိုလ်  

ဦး အပါအဝင် စစ်သည်  ဦးကို စစ်သား  ဦးက 

ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။  


ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်း

အောင်၊ တပ်သားတိုးတက် နိုင်၊ တပ်သားမျိုးမင်း

ခန့်၊ တပ်သားစန်းဝင်း၊ တပ်သားအောင်လေးနဲ့ 

တပ်သား လင်းလင်းထွေး တို့ သေဆုံးခဲ့ကြပြီး  

တပ်တွင်းပုန်ကန်သူ စစ်သား  ဦးကို စစ်တပ်က 

သတ်ဖြတ်လိုက်သည်။ 

 

ထို့ပြင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ 

ပြည်ထောင်ကျေးရွာ၊ အမှတ်  တပ်မ တော် တန်း

မြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၂၀၂၂ ခု

နှစ်၊ ဇွန်လ  ရက်နေ့ စစ်သား  ဦးကို အရာခံ ဗိုလ် 

အောင်သန်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 


၂၀၂၂ ခုနှစ်၊ ဇွန်လ  ရက်နေ့ မြောက်ပိုင်းတိုင်းစစ်

ဌာနချုပ် (မပခ)မှ အရာရှိ တချို့က အမှတ်  တပ်မ

တော်တန်းမြင့်သင်တန်းကျောင်းကို လာရောက် စစ်ဆေး

ရာတွင် လုံခြုံရေး ကင်းကျနေသည့်စစ်သား 

၁၀ ဦးက ဆေးသုံးစွဲပြီး မူးယစ် နေခြင်း၊ အရက်

သောက်ထား သည်ကို တွေ့ရှိရခြင်းတို့ကြောင့်သင်တန်း 

ကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို 

စစ်အရာရှိများ ခေါ်ယူ အပြစ် ပေး ဆူပူခဲ့ကြောင်း၊ 

ဇွန်လ  ရက်နေ့  ညပိုင်းတွင် အရာခံဗိုလ် အောင်

သန်းက   စစ်သား  ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့

ကြောင်း သိရှိရသည်။  အရာခံဗိုလ်အောင်သန်းမှာ 

လက်နက်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ 



စစ်သားများ မူးယစ်ဆေးဝါး သုံးစွဲခြင်း

======================


စစ်ကောင်စီတပ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု      

အခြေအနေ ဆိုးဝါးနေပြီး အထူးသဖြင့် စိတ်ကြွ 

ဆေးဝါးများကို အသုံးပြုကြကြောင်း၊ ရှေ့တန်းထွက်

ရသည့်တပ်များ နောက်တန်းမပြန်ရတော့ဘဲ ရှေ့တန်း

တွင်ပင် လှည့်လည် စစ်တိုက်နေရခြင်းတို့ကြောင့် မူး

ယစ်ဆေးဝါး အသုံးပြုမှုများကို တားမြစ်ခြင်းမရှိ

တော့ဘဲ မသိကျိုးကျွံ့ပြုထားကြ ကြောင်း စစ်တပ်

သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


သုံးသပ်ချက်

=========


အထက်ဖော်ပြ အချက်အလက်များကို ကြည့်လျှင် 

အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်၏ အောက်

ခြေအဆင့်တွင် သေဆုံးမှုများစွာဖြင့် "တိုက်တိုင်း ရှုံး 

  စစ်ကြောင်းထိုးတိုင်း သေအခြေအနေဖြင့် စစ်

တပ်သည် အာဏာသိမ်းပြီး  နှစ်တာ ကာလအတွင်း 

ဖရိုဖရဲဖြင့် စတင် ပြိုကျ ပျက်စီးနေသည်ကို မြင်သာ 

ထင်သာရှိစေသည်။ 


သို့ရာတွင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ

မှာ ပျော်ပွဲရွှင်ပွဲ  မင်္ဂလာပွဲမှ စတင်၍ ပုဂ္ဂလိကနှင့် 

နိုင်ငံတော်အဆင့်  ပွဲများစွာအထိ တက်ရောက်ကာ 

တပ်တွင်း စတင် ပြိုကွဲမှုများကို လျစ်လျူရှုထား

ကြောင်း၊ စစ် တပ်တွင် တပြေးညီထမင်း၀ိုင်းဟုဆို

ကာ အရာရှိနှင့် စစ်သည်များကို တပြေးတည်း 

ထမင်းစားခိုင်းသည့်  ဟန်ပြ စည်းလုံးရေးများသာ  

လုပ်ဆောင်နေကြောင်း သိရှိရသည်။



Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️