ကရင်ပြည်နယ်တွင် တော်လှန်ရေး အင်အားစုများ၏ နယ်မြေကျယ်ပြန့်လာ၍ စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဟုဆို

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီလ ၁၆ ရက်


ကရင်ပြည်နယ်ရှိ တိုက်ပွဲများအတွင်း သေဆုံးဒဏ်ရာရမှု များပြားလာသည့် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် အမိန့်နာခံခြင်းမရှိတော့ဘဲ တပ်တွင်း ပုန်ကန်မှုများ ပြုလာသလို စစ်ကောင်စီအနေဖြင့်လည်း နယ်မြေမထိန်းချုပ်နိုင် တော့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးလေ့လာသူများကပြောသည်။


စစ်ကောင်စီသည် ၎င်း၏ တပ်အင်အားကို တိုးချဲ့ခြင်း၊ စစ်ရေးလှုပ်ရှားမှု ပိုမို လုပ်ဆောင် ခြင်းများရှိလာသည့်အတွက် အာဏာသိမ်း  နှစ်အတွင်း ကရင်ပြည်နယ်တွင် တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၈၇၆ ဦး သေဆုံးကာ ၅၅၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကဖေဖော်ဝါရီ  ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။


"ကရင်ပြည်နယ်အတွင်းမှာ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တွေရှိတယ်။ ဒီအတွက်ကြောင့်စကစ(စစ်ကောင်စီ)ဟာ ကရင်ပြည်နယ်ကို တော်ရုံနဲ့ လက်လွှတ်မခံချင်ဘူး။ ဒါပေမယ့်လည်း ကရင်ပြည်နယ်မှာတော်လှန်ရေး အင်အားစု တွေရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လာနေတာကိုလည်း စကစ အနေနဲ့ မထိန်းနိုင်တော့ဘူး။ရှေ့လျှောက်လည်း ကရင်ပြည်နယ်အတွင်းမှာ KNU + PDF ထိန်းချုပ်နယ်မြေဟာ ဒီ့ထက်ပိုပြီး ကျယ်ပြန့်လာဖို့ပဲမြင်ပါတယ်ဟု CDM ဗိုလ်ကြီး Victor က ဧရာဝတီတိုင်းမ်ကို ပြောသည်။


အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ  ရက်နေ့တွင် နောက်ထပ်  လသက်တမ်းတိုး အာဏာကိုထပ်မံရယူခဲ့ပြီး ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မြို့နယ် ၃၇ မြို့ နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာကာ အကြမ်းဖက် လုပ်ရပ်များနှင့် စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်လာသည်။


"အကြမ်းဖက် စစ်ကောင်စီက အုပ်ချုပ်ရေးအပိုင်းမှာဆိုရင် စစ်အုပ်ချုပ်ရေးတွေ ပြန်လုပ် ရတာရှိတယ်။ အဲ့ဒါတစ်တိုင်းပြည်လုံး အနေအထားနဲ့ဆိုရင် မြို့နယ်တော်တော် များများမှာ တွေ့ရတယ်။ အဲ့ဒါက ဘာကိုဖော်ပြနေလဲဆိုတော့ အရင်တစ်ခါမှ မဖော်ပြခဲ့ဖူးတဲ့ နယ်မြေထိန်းချုပ်မှုအပိုင်းမှာ သူက(စကစပိုင်ပိုင်နိုင်နိုင်ထိန်းချူပ်နိုင်မှုမရှိဘူးဆိုတာ ဖော်ပြလိုက်တာပဲ။ အဲဒါက အဓိကအချက်ပဲဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကဧရာဝတီတိုင်းမ်ကို ပြောသည်။


ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကရင်ပြည်နယ်၊ KNU တပ်မဟာ (နယ်မြေ၊ ဖာပွန်ခရိုင်၊ မဲသလောက် စစ်အခြေစိုက်စခန်းကို KNLA  PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။


ထိုသို့ သိမ်းပိုက်ခံရမှုကို ပြန်လည်တိုက်ယူရန်အတွက် အမှတ် (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-)တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးမှုအပေါ် အမှတ် (၄၀၃ခြေမြန်တပ်ရင်း ခမရ(၄၀၃မှယာယီတပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး  ဦးက ငြင်းဆန်ပုန်ကန်ခဲ့ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရသည်။


ကရင်ပြည်နယ်၊ KNU တပ်မဟာ (နယ်မြေတွင် ရှေ့တန်းတာဝန် ချထားခံရပြီး အမိန့်မနာခံဘဲ စစ်တိုက်ရန်ငြင်းဆန်ပုန်ကန်ခဲ့သူများမှာ ခမရ(၄၀၃တပ်ရင်းမှ ယာယီတပ်ရင်းမှူး စစ်တက္ကသိုလ်(DSA အမှတ်စဉ် ၄၆ ဆင်းဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဒုတပ်ရင်းမှူး (DSA အမှတ်စဉ် ၄၇ ဆင်းဗိုလ်မှူး သန်းနိုင်အေး၊ တပ်ခွဲမှူး(DSA အမှတ်စဉ် ၄၈ ဆင်းဗိုလ်မှူး နိုင်နိုင်ဇော်တို့ဖြစ်ကြောင်း သိရသည်။


အမှတ် (၄၀၃ခြေမြန်တပ်ရင်း ခမရ(၄၀၃)သည် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေစိုက် တပ်ရင်းဖြစ်သည်။


"ဒီနောက်ပိုင်းမှာ ခြေလျင်ခြေမြန်တပ်ရင်းတွေ အမိန့်မနာခံတဲ့အကြောင်းတွေ၊ အာဏာ ဖီဆန်တဲ့သတင်းတွေ ကြားလာရတယ်။ တပ်တည် တပ်လှုပ်အမိန့်တွေကို မနာခံတော့ တာတွေ ကြားလာရတယ်။ အဓိကကတော့ စစ်ထွက်မတိုက်ရဲတော့တာပေါ့။ နိုင်လို စိတ်ကင်းမဲ့ပြီး စိတ်ဓါတ်ပျက်ပြားသွားကြတာမျိုး။ ဒါဟာ EROs နဲ့ PDF တွေရဲ့ စစ်ရေးဖိအားတွေကြောင့်ပါပဲ။ ဘယ်အချိန် ကောင်းကင်ပေါ်က ကျလာမှန်းမသိနိုင်တဲ့ ဒရုန်းဗုံးတွေ၊ ဘယ်အချိန်ခေါင်းထဲဝင်လာမလဲ စနိုက်ပါကျည်တွေဟာ စကစတပ်သား တွေအဖို့ နေ့နေ့ညည ခြောက်ခြားစရာ တွေပါပဲ။စစ်တပ်ဟာ အမိန့်နာခံမှုနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ အထက်ကအမိန့်ပေးလာရင် ရေဗူးပေါက်လည်းရေပါအောင်သယ်ပေးရတဲ့ အဖွဲ့အစည်းမျိုး။ ဒီလိုအဖွဲ့အစည်းမျိုးက အထက်အောက် အမိန့်နာခံမှု မရတော့ဘူးဆိုမှတော့ ဒီအဖွဲ့အစည်းဟာ အ‌တော်လေးယိုင်နဲ့နေပြီဆိုတာ ပြသနေတာပါပဲဟု CDM ဗိုလ်ကြီး Victor ကပြောသည်။


လက်ရှိတွင် အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့သည့် ခမရ-၄၀၃ တပ်ရင်းမှ ယာယီတပ်ရင်းမှူးဒုဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး  ဦးကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တွင် ယခုလ ဒုတိယအပတ်အတွင်းမှ စတင်၍ စစ်ခုံရုံးဖွဲ့ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီ တပ်အသိုင်းအဝိုင်းထံက သိရသည်။


"ဒီလိုအခြေအနေမျိုး ဖြစ်လာပြီဆိုရင် တပ်ထဲမှာလည်း ဖရိုဖရဲဖြစ်နေတယ်။ နယ်မြေတွေမှာလည်း တစ်နေရာနဲ့တစ်နေရာ မတူဘဲနဲ့ ဒီလိုမျိုး စစ်အုပ်ချုပ်ရေးတွေ လုပ်နေရပြီဆိုရင် အခြေအနေ တော်တော်ဆိုးနေပြီလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ သေချာပြောလို့ရတာက ၂၀၂၃ မှာတော့ နိုင်ငံရေးအရရော၊ စစ်ရေအရရော ထူးထူးခြားခြားတော့ တစ်ခုခုတော့ ဖြစ်ကိုဖြစ်မယ်ဆိုတာ ပြောလို့ရတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျွန်တော်တို့ပြောလို့မရပါဘူးဟု KNU ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။


ထို့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း ရှေ့တန်းထွက်နေသည့် စကခ(လက်အောက်ခံ အမှတ် (၄၀၅ခြေမြန်တပ်ရင်း  ခမရ (၄၀၅ကို စစ်ကောင်စီ၏ ခြေကုပ်စခန်းဖြစ်သည့် မဲဝိုင်စခန်းအား သွားရောက်ရန် စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးခဲ့သည်။


အဆိုပါအမိန့်ကို ခမရ (၄၀၅တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူးဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူး တိုးမြှင့်ခံရမည့် ဗိုလ်ကြီး ကြည်သာဖြိုးတို့က လိုက်နာခြင်းမရှိဘဲ အာဏာဖီဆန် ငြင်းဆိုခဲ့သည့်အတွက် စစ်ကောင်စီက နောက်တန်းပြန်ခေါ်ကာ စစ်ခုံရုံးဖွဲ့ အရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


"အခုဖြစ်တဲ့ ဖြစ်စဉ်ကတော့ ဒုတိယကမ္ဘာစစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်နိုင်တယ်။ ဘာလည်းဆိုတော့ ဂျာမနီက အကျဘက်ရောက်လာတဲ့အခါ ဒီလိုပဲ မြို့တွေရွာတွေကို မီးတိုက် မီးရှို့တယ်။ မီးရှို့တော့ ခိုင်းတဲ့ဗိုလ်ချုပ်တွေက အရင်တုန်းကတော့ သူတို့စကားကို တတွေမတိမ်း နားထောင်တဲ့သူတွေ နောက်ပိုင်း သူတို့ဟာ တရားခံဖြစ်တော့မယ်ဆိုတာ သူတို့သိတယ်။ ဒီလိုမီးရှို့တာတို့ လုပ်ခဲ့တာတို့ကို ပြည်သူတွေက မုန်းပြီး သူတို့ တရားခံဖြစ်တော့မယ်ဆိုတာ သိလာတယ်။ ဒီတော့  သူတို့စိတ်ထဲမှာ အရူးကို ငါတို့ ခေါင်းဆောင်တင်မိလိုက်လို့ ဒီလိုဖြစ် နေတာဆိုပြီးမြင်မိလာတော့ အဲဒီမှာ တပ်တွင်းပုန်ကန်မှုရော၊ တချို့က အမိန့်မနာခံတာရော အကုန်လုံးပါလာတာပေါ့နော်။ အခုအခြေအနေက အာဏာရှင်ကျဆုံးဖို့ကို တွန်းပို့နေ တာဖြစ်တယ်။ သေမယ်ဆိုတာ သိနေတော့ သူတို့(စကစတပ်ဖွဲ့ဝင်များဘယ်သွား တိုက်တော့မလဲ။ မြင်လာပြီလေ၊ သိလာပြီလေဟု အမည်မဖော်လိုသူ ကရင် ဝါရင့်နိုင်ငံရေးသမား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


စစ်ကောင်စီဘက်တွင် တစ်နေ့တခြား တပ်သားအင်အား နည်းပါးလာနေသော်လည်း  တော်လှန်ရေးအင်အားစုဘက်တွင်မူ လက်နက်တပ်ဆင်ပေးနိုင်ပါက အင်အားများစွာ ရှိလာလိမ့်မည် ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် KNU ထိန်းချုပ်နယ်မြေ အများစုကို ရေရှည် မတောင့်နိုင်တော့ဘဲ လက်လွှတ်ရလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောသည်။


စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားများကို မူးယစ်ဆေးဝါး သုံးစွဲစေ၍ စစ်တိုက်ခိုင်းခြင်းဖြစ်သည်ဟုကရင်ပြည်နယ်၊ တပ်မဟာ (နယ်မြေရှိ Local PDF တပ်ဖွဲ့တစ်ဖွဲ့၏  NDN တပ်ဖွဲ့ ခေါင်းဆောင် ကိုဩဇာကဧရာဝတီတိုင်းမ်သတင်းဌာနကို ဖြေကြား သည်။


"သူတို့(စကစ)တွေက ရှေ့တန်းမှာဆိုရင် လေယာဉ်မပါရင် စစ်မတိုက်တတ်တော့ဘူး။ စစ်တိုက်ရင် လေယာဉ်ကိုတအားမျှော်တယ်။ လေယာဉ်မလာဘူးဆိုရင် တပ်တွင်း ပုန်ကန်တာထက် ပြေးတာပေါ့နော်။ လက်နက်ချတာတွေနဲ့CDM လုပ်လာတာတွေလည်း အရမ်းများလာတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ် နယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာဘယ်လိုဖြစ်နေသလဲဆိုတော့ သူတို့(စစ်ကောင်စီတပ်သား)တွေကို မူးယစ်ဆေးဝါး ကျွေးထားတယ်။ သူတို့မှာကလက်နက်ခဲယမ်းရှိတော့ မူးယစ်ဆေးဝါး အဓိကစုတယ်။ မူးယစ်ဆေးဝါးမရှိရင် လက်နက်ချတယ်။ ကြောက်သလိုလို ရဲသလိုလိုနဲ့ ကြောင် တောင်တောင်တွေ ဖြစ်နေကြတယ်။ သူတို့(စကစ)ရဲ့ ထိန်းချုပ်နိုင်မှုက မြို့ပေါ်နဲ့ သူတို့ဗျူဟာ အနီးစပ်ဆုံးရှိတဲ့ နေရာပဲရှိတော့တယ်။ တချို့နေရာတွေမှာ အရန်သဘော မျိုးလောက်ပဲ ရှိတော့တယ်ဟုကိုဩဇာက ဆိုသည်။


#ကရင်ပြည်နယ် #တော်လှန်အင်အားစု #နယ်မြေကျယ်ပြန့် #စစ်ကောင်စီ #ထိန်းချုပ်နိုင်ခြင်းမရှိ#Ayeyarwaddy_Times



Comments

Popular posts from this blog

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး

မသေခင်ကတော့ တပ်မတော်အတွက် သူရဲကောင်း

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ