မြင့်မြတ် လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရ

ဘီးလင်းမြို့ပေါ်၌ စတိုးဆိုင်ပိုင်ရှင် လုပ်ကြံခံရ 


YT 


မဇ္ဈိမ။      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်၊ ကရင်စုလမ်းထိပ်နေ ဦးမြင့်မြတ်သည် ၎င်းဆိုင်အတွင်း သေနတ်ဖြင့် လုပ်ကြံခံရပြီး လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရကြောင်း သိရသည်။ 


ဆိုင်ကယ်ပေါ်ကပစ်ရာကနေ ဆိုင်ထဲထိ လိုက်ပစ်တယ်ပြောတယ်။ ငါးချက်ပစ်ခံရတယ်ပြောပေမယ့် ငါးချက်လုံးတော့ မထိဘူး။ အဆုတ်ထဲမှာတော့ ကျည်ဒဏ်ရာတွေ့တယ်ပြောတယ် ဟု ဦးမြင့်မြတ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်း က မဇ္ဈိမကို ပြောသည်။ 


"ကျော်ကျော်အမည်ဖြင့် စတိုးဆိုင်ဖွင့်ထားသော အသက် ၃၆ နှစ်အရွယ်ရှိ ဦးမြင့်မြတ်အား ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ  နာရီအချိန်၎င်း ဆိုင်ရှေ့တွင် ဆိုင်ကယ်နှစ်စီးဖြင့် အင်္ကျီဆင်တူဝတ်ထားသော လူငယ် လေးယောက်ဝင်လာပြီး သေနတ်ဖြင့် ပစ်ခဲ့ခြင်းခြစ်သည်။ 


သေနတ် ငါးချက်ပစ်ခံရပြီး လည်ပင်းတွင်တစ်ချက်၊ အဆုတ်အတွင်းတစ်ချက် သေနတ်ထိမှန်ဒဏ်ရာရကာတောင်စွန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်ကုတင် ၃၀၀ ဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ 


"သူက နဂိုကတည်းက ရဲတွေ စစ်သားတွေနဲ့ အရမ်းပေါင်းပြီး အသွားအလာအရမ်းလုပ်တာတော့ တွေ့ရတယ်၊ သူ့မိန်းမက ကျောင်းဆရာမပဲ၊ ဒီကာလမှာတော့ ကျောင်းသွားတာ မတွေ့ရဘူးဟု နီးစပ်ရာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 


ဦးမြင့်မြတ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ရပ်၊ကျေး စည်းရုံးရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး ၎င်း အစ်ကိုသည် ယခုလက်ရှိနေပြည်တော်တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်မှထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးထံမှ သိရသည်။ 


ဆိုင်ကယ်နှစ်စီးဖြင့် ပစ်ခတ်သွားသော လူငယ်လေးဦးသည် မည်သူမည်ဝါဖြစ်သည်ကို ယခုချိန်ထိ မသိရသေးချေ။ ဦးမြင့်မြတ် လုပ်ကြံခံရသော ကိစ္စနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တစ်စုံတစ်ရာထုတ်ပြန်၊ 

ပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။ 


ပြီခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ည ၁၀ နာရီတွင် ဘီးလင်းမြို့ (ရပ်ကွက် (လမ်းရှိ နေအိမ်တစ်လုံးရှေ့၌ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိကြောင်း သိရသည်။ 


စာတည်း - သန့်ဇော်(သန်လျင်


#mizzima

#ဘီးလင်းမြို့

#စတိုးဆိုင်ပိုင်ရှင်

#လုပ်ကြံ

#ဒေသကာကွယ်ရေးတပ်ဖွဲ့




Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ