တလက်၅၀ ဆိုလို့ ၂လက်ယူပြေးတဲ့တပ်သား



ကနီတွင်စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတစ်ဦး‌သေဆုံး၊ ထွက်ပြေးသွားသည့်တပ်သားအား

  စစ်ကောင်စီမှအင်အားအများအပြားဖြင့်လိုက်ရှာနေ 


ဧရာဝတီတိုင်းမ်

(ကနီ) ဖေဖော်ဝါရီလ ၁၆ ရက် 


စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့   နာရီဝန်းကျင်၌ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ 

 သစ်စက်ဝင်းအတွင်း စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သားတစ်ဦး

သေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။ 


ကနီမြို့အမှတ်()ရက်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်နေကြသည့် စစ်ကောင်စီ

တပ်သား  ဦးမှာ အချင်းချင်းရန်ဖြစ်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သား အောင်တိုးထွန်း()ဖိုး

ကြယ်ဆိုသူ သေဆုံးခဲ့ပြီး ကျန်တပ်သားတစ်ဦးမှာ ဖိုးကြယ်၏ သေနတ်ပါယူဆောင်ထွက်ပြေးသွား

ကြောင်း ဒေသခံများထံမှ သိရသည်။ 


"ကနီမြို့ထဲမှာကင်းစောင့်နေတဲ့တပ်သားတွေပါ။ဘဏ်ရှေ့ကင်းစောင့်ရင်းဖြစ်ကြတာ။ညထဲကထွက်ပြေးနေတဲ့စကစတပ်သားကိုအခုထိနေရာအနှံ့လိုက်ရှာနေကြတယ်ဗျ။  

ထွက်ပြေးတဲ့နေတဲ့စစ်သားက အတူတူကင်းစောင့်နေတဲ့ စစ်သားကို ပစ်သတ်ခဲ့တယ်ဆိုပြီး 

သိရတယ်။သေသွားတဲ့စစ်သားဆီကသေနတ်ပါယူပီးထွက်ပြေးသွားတယ်လို့ကြားတယ်။

ဟု အသက် ၃၀ ဝန်းကျင် ကနီဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

သေဆုံးခဲ့သည့်တပ်သားမှာ နောက်ကျောသေနတ်ကျည်ပေါက်ထွက် ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး  

ယနေ့နေ့လည် နာရီဝန်းကျင်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ 


ထွက်ပြေးလွတ်မြောက်သွားသည့်တပ်သားအားရဲ၊စစ်သာ၊ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် 

 ကနီမြို့တွင်းနှင့်မြို့ပြင်တွင် နေရာအနှံ့ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေပြီး ယခုအချိန်ထိပြန်လည် 

 ရှာတွေ့ခြင်းမရှိသေးဘဲလွတ်မြောက်နေကြောင်း သိရသည်။ 


ဓာတ်ပုံ -လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့(ပုံဟောင်းဖြစ်ပါသည်။)



Comments

Popular posts from this blog

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)