လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြည်သူများအား NUG ဖိတ်ခေါ်

DVB | 16 February, 2023

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်အပ်နေပါတယ်။

ဒီဖိတ်ခေါ်မှုမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်စေဖို့အတွက် လေတပ်စခန်းတွေအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့် သတင်းပေးပို့တာ၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့တာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်မို့ ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားနဲ့ ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုတဲ့ တာဝန်သိပြည်သူတွေအနေနဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်တဲ့ ဖော်ပြပါtelegram - https://t.me/MASurveillance24  ကို ဆက်သွယ် သတင်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။



မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ  နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊အင်အားစုတွေအပြင် အပြစ်မဲ့ ပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကိုပါ မြေပြင်ကရော လေကြောင်းကနေပါတိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်