ရုရှားနဲ့ပေါင်းပြီး အသေးစားနျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ ပြင်ဆင်နေ

VOA

စစ်ကောင်စီနဲ့ ရုရှာပူးပေါင်းပြီး အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့အတွက် နိုင်ငံရဲ့နေရာ တော်တော်များများမှာ ဖြစ်နိုင်ခြေ အလားအလာတွေဆန်းစစ်ဖို့ ပြင်ဆင်နေပြီလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးသုံးသပ်သူကတော့ နျူကလီယား လက်နက်ပိုင်ဆိုင်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်လိုက်ပါတယ်။ မမေခ ကပြောပြပေးမှာပါ၊

စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယားနည်းပညာသတင်းအချက်အလက်ဌာနကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ  ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ဖို့လည်းသဘောတူထားပါတယ်။ ဒီလိုတည်ဆောက်ဖို့နဲ့ပတ်သက်လို့ သင့်တော်တဲ့ နေရာရဖို့ နိုင်ငံရဲ့ နေရာတော်တော်များများမှာ လေ့လာဆန်းစစ်တာတွေလုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ ဘယ်နေရာတွေမှာ စစ်ဆေးမှုလုပ်မလဲဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

"ရွေးချယ်မယ့်နေရာမရှိသေးပါဘူး။ ဒါတွေလုပ်ဆောင်ဖို့အတွက်က ကျနော်တို့အနေနဲ့ ဆက်ပြီးသုတေသနပြုရ မှာဖြစ်ပါတယ်။ ပြီးရင်လက်တွေ့မြေပြင်ကွင်းဆင်း လေ့လာမှုတွေလုပ်ဆောင်ပြီးမှ အချိန်ယူလုပ်ဆောင်တာ၊ နေရာတော်တော်များများမှာလုပ်ဆောင်မှာတွေရှိတယ်။ အဲလိုပြီးမှ အကောင်းဆုံးအခြေအနေနဲ့လက်တွေ့အကျဆုံးအခြေအနေ ပြီးရင်ဘေးအန္တရာယ် အကင်းဆုံး အမြင့်မားဆုံးအခြေအနေရှိတဲ့ နေရာတွေမှာဘဲကျနော်တို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာနကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အယ်လက်စီ လီခါချော့ဗ်တို့ တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဘာတွေဆောင်ရွက်မလဲ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ချပြဖို့ နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာန ဖွင့်လှစ်တာ ဖြစ်ပေမဲ့လို့ အသေးစိတ်အစီအစဉ်ကိုတော့ ပြောဆိုဖို့မရှိသလို ထုတ်ပြန်မှာလည်းမဟုတ်ဘူးလို့ပြောပါတယ်။



အရင်က နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့စက်မှုလုပ်ငန်းတွေအတွက် အသုံးပြုမှာလို့လည်း စစ်ကောင်စီက ပြောဆိုထားပြီးခုတကြိမ်မှာတော့ စိုက်ပျိုးရေးမှာပါသုံးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

 နိုင်ငံလုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးကိုလက်မှတ်ထိုးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။  နိုင်ငံလုံး ည်ရွယ်ချက်က ငြိမ်းချမ်းစွာအသုံးပြုရေးကို လုပ်မှာဖြစ်တယ်။ အဓိက ကျနော်တို့အသုံးပြုမယ့်နယ်ပယ်ဟာလျှပ်စစ်စွမ်းအားနဲ့ပတ်သတ်တဲ့ နယ်ပယ်မှာ သုံးသွားမယ်။ ပြီးတော့စက်မှုစီးပွားနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာနျူကလီးယားကိုအသုံးပြုပြီး နျူကလီးယားဓါတ်ရောင်ခြည်နဲ့ ဆောင်ရွက်တဲ့ နည်းပညာတွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

စစ်ကောင်စီကတော့ နျူကလီးယား အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှတော့ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို လေ့လာဆန်းစစ်ပြီး(IAEA) နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ ရဲ့ သတ်မှတ်ချက်တွေအတိုင်း အကောင်အထည် ဖော်မယ်လို့ ပြောသလို အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်နဲ့ပြင်ပ ပညာရှင်တွေကိုခေါ်ယူကြီး လေ့လာဆန်းစစ်တာတွေသေချာမှ အကောင်အထည်ဖေါ်မယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နျူကလီယား လက်နက် ပိုင်ဆိုင်နိုင်ဖို့အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်မှုတွေရှိနေကြပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ နျူးကလီးယားအိပ်မက်အပေါ်အခုလိုဝေဖန် ပြောဆိုလိုက်ပါတယ်။

"နျူးကလီးယားနဲ့ပတ်သက်လို့ပြောဆိုနေတဲ့ကိစ္စတွေကို ကျနော်တို့ကတော့အရူးအိပ်မက်မက်တယ်ဘဲသဘောထားပါတယ်ဗျ။ ရုရှားကသူ့ပစ္စည်းတွေပေးတယ်လေယာဉ်တွေပေးတယ်ဆိုတာ အလကားပေးတာ မဟုတ်ပါဘူးပိုက်ဆံပေးမှရတာပါ။ အခုကဘက်အသီးသီးကအဆုံးအရှုံးတွေရင်ဆိုင်နေရတဲ့စစ်တပ်ကို အားရှိအောင်တွန်းတင်ပေးဖို့အတွက်ဟန်ပြ လုပ်ဆောင်ပြောဆိုနေတာဖြစ်ပါတယ်။"

မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်ကို ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးထားသလို နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်ကိုလည်း ၂၀၁၈ ခုနှစ်မှာလက်မှတ်ရေးထိုးထားပါတယ်။ LDC ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီအနေနဲ့ မှတ်ချက်ပေးရန်ရှိမရှိ ဗွီအိုအေကမေးမြန်းထားဆဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ