သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း


တရုတ်နိုင်ငံမှ နိုင်ငံပိုင် အကြီးမားဆုံးဘဏ်များအနက် အနည်းဆုံး နှစ်ခုက ရုရှားမှ ကုန်စည်များ ဝယ်ယူခြင်းများမှာ ငွေကြေးကိစ္စ ဝန်ဆောင်မှုများ ပေးအပ်ခြင်း မပြုရန် တားမြစ်ထားပါတယ်။ ICBC (Industrial & Commercial Bank of China Ltd.) ရဲ့ ပြည်ပရှိ ဘဏ်ခွဲများက ရုရှားမှ ပြည်ပတင်ပို့ဖို့ အသင့်ဖြစ်နေတဲ့ကုန်စည်များအတွက် အမေရိကန်ဒေါ်လာ သုံးတဲ့ L/C (letter of credit) များထုတ်ပေးခြင်းအား ရပ်ဆိုင်းထားပါတယ်။ ယွမ်သုံးတဲ့ L/C တွေကိုတော့ အချို့သော လုပ်ငန်းများအတွက် ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြီးတန်းအရာရှိများထံအတည်ပြု ခွင့်ပြုချက် အရင်ရယူဖို့ လိုအပ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက်မှာ ပိတ်ဆို့အရေးယူမှု အမျိုးမျိုးကို အမေရိကန်၊ ယူကေ၊ ဂျပန် အပါအဝင် နိုင်ငံများက စတင်လုပ်ဆောင်နေကြပါတယ်။ပြည်ပပို့ကုန် ကုန်စည်နှင့် ဆက်နွှယ်တဲ့ L/C များကိုဘဏ်များက မကြာခဏ ထုတ်ပေးကြရပါတယ်။ ပိတ်ဆို့အရေးယူမှု‌ကြောင့် အရင်ဆုံးထိခိုက်မယ့် ‌ငွေကြေးကိစ္စရပ်များထဲမှာ L/C လည်း ပါဝင်နေတာကြောင့် အခြေအနေမသေချာမရေရာချိန်မှာ တရုတ်ဘဏ်များက ယခုလို ယာယီအားဖြင့်လက်ရှောင်ထားလိုက်ကြတာ ဖြစ်ပါတယ်။Bank of China Ltd. က ဆုံးရှုံးမယ့်အရေး အကဲဖြတ်ချက်အရ ရုရှားကုန်စည်များအတွက် ငွေကြေးပါဝင်မှုများကိုထိန်းချုပ်ထားပါတယ်။ ချေးငွေရယူသူများအနေဖြင့် ရုရှားနှင့် စပ်လျဉ်း၍ တိကျပြတ်သားတဲ့ လမ်းညွှန်ချက်များကို တရုတ်အစိုးရ ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့အစည်းများထံမှ မရရှိကြသေးပေ။ တရုတ်ဘဏ်များရဲ့တုံ့ပြန်မှုဟာ ယာယီသာ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍမှာ ဆက်နွှယ်မှုများ ရှိနေပါတယ်။၂၀၁၉ မှာ ဆိုက်ဘေးရီးယားပိုက်လိုင်းဖြင့်ရုရှားမှ တရုတ်သို့ သဘာဝငွေ့ရည် liquefied natural gas (LNG) ပေးပို့မှု စတင်ခဲ့ပါတယ်။ ၂၀၂၁ မှာ ကုဗ‌ပေ ၁၆. ဘီလျံတင်ပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ရုရှားသမ္မတပူတင် တရုတ်ပြည်သို့ လာရောက်ခဲ့ပြီးနောက် ရုရှားမှ တရုတ်ဩိ့ ရေနံနှင့် ဓာတ်ငွေ့များ တင်ပို့ရန် ၁၀နှစ်သက်တမ်းရှိသည့် သဘောတူညီချက် ရရှိခဲ့ကြပါတယ်။


အမေရိကန်ဒေါ်လာ ၁၁၇. ဘီလျံဖိုး တင်ပို့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုတွင် ရုရှားရေနံစိမ်းသည် ဒုတိယအများဆုံး ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးဘဏ်များဖြစ်တဲ့China Development Bank နှင့် Export-Import Bank of China တို့က BRI (Belt-and-Road Initiative) ခေါင်းစဉ်အောက်မှာ အခြေခံအဆောက်အအုံမှ ရေနံဓာတ်ငွေ့အထိ ချေးငွေအမျိုးမျိုးထုတ်ချေးပေးထားတာ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်ဂဏန်း ရှိပါတယ်။ICBC, Bank of China, Agricultural Bank of China Ltd., China Construction Bank Corp. တို့ ရုရှားနိုင်ငံမှာ ဘဏ်ခွဲများ ထားရှိလုပ်ကိုင်လျက် ရှိပါတယ်။ ၎င်းတရုတ်ဘဏ်များက ဒေါ်လာနှင့်တကွအခြားနိုင်ငံသုံးငွေဖြင့် ဝန်ဆောင်မှုများ ပေးအပ်တဲ့အပြင် ယွမ်ငွေသုံးစွဲတဲ့ ဝန်ဆောင်မှုများလည်း ပေးအပ်ပါတယ်။ အပ်ငွေများ၊ ချေးငွေများ၊နယ်စပ်ဖြတ်ကျော် ပေးချေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ အစရှိတဲ့ဝန်ဆောင်မှု အမျိုးမျိုး ပေးအပ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပို့ကုန်များအတွက် ဒေါ်လာကြီးစိုးတဲ့ နိင်ငံတကာငွေကြေးစနစ်ကို ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ အမေရိကန်က အီရန်နှင့် မြောက်ကိုရီးယားတို့ကိုပိတ်ဆို့အရေးယူမှုမှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဘဏ်ကြီး လေးခု ပါဝင်ခဲ့ကြပါတယ်။ ယုတ်စွအဆုံး ဟောင်ကောင်မှထိပ်တန်း တာဝန်ရှိသူများကို အမေရိကန်က ပိတ်ဆို့ အရေးယူတာမှာလည်း ပါဝင်ခဲ့ကြပါတယ်။ အ‌မေရိကန်ဒေါ်လာဖြင့် ငွေရှင်းတဲ့စနစ်ထဲ လုပ်ကိုင်ခွင့် ရနေဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။တရုတ်ဘဏ်များအနေဖြင့်အမေရိကန်ဒေါ်လာအရ ပိတ်ဆို့အရေးယူမှုများမှာ ပါဝင်ပြီး ယွမ်ငွေဖြင့် ဝန်ဆောင်မှုများကိုတော့ ပိုနေမြဲ ကျားနေမြဲ ဆက်လက်ထားရှိမယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။

credit to writer

Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း