ကင်းပုန်းဝပ်နေသော စစ်တပ်က ရဲ ၁ ဦးနှင့်ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်၊

ရေစကြိုတွင် ကင်းပုန်းဝပ်နေသော စစ်တပ်က ရဲ ၁ ဦးနှင့်ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်၊ "ကျနော် ရဲတပ်သားပါ" ဟုပြောသည့်ကြားမှ ပစ်သတ်ခြင်းဖြစ်ဟုဆို


ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ


မကွေးတိုင်း၊ ရေစကြိုမြို့၊ ဖောင်တောင်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင် ကင်းပုန်းဝပ်နေသော စစ်သားများက ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 


မတ်လ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရေစကြိုမြို့ ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင်ကင်းပုန်းဝပ်နေသော စစ်တပ်က မသင်္ကာသူ ၂ ဦးတွေ့ရှိသည်ဆိုကာ လိုက်လံပစ်ခတ်ကြောင်း၊ ပစ်ခတ်ခံရသူများမှာ ရဲတပ်သား ဂျော်ကာတိုး အသက် ၂၅ နှစ် (ဘ) ဦးတိုး၊ ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့် အသက် ၆၂ နှစ် (ဘ) ဦးကျော်စိန်တို့ ဖြစ်ကြောင်း သိရှိရသည်။ 


စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့်မှာ ဆီးခုံထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲတပ်သား ဂျော်ကာတိုးမှ ဆေးရုံရောက်ရှိစဉ် သေဆုံးသွားကြောင်း ၊ ရဲတပ်သားဂျော်ကာတိုး ပစ်သတ်ခံရမှုအတွက် မိသားစုက မကျေနပ်၍ ရဲစခန်းတွင် အမှုဖွင့်သော်လည်း အမှုဖွင့်လှစ်ခွင့်မပေးကြောင်း သိရှိရသည်။ 


"သေဆုံးသွားတဲ့ ရဲတပ်သား ဂျော်ကာတိုးက ကျနော် ရဲတပ်ဖွဲ့ဝင်ပါ။ ရဲတပ်သားပါ ပြောတာကို ပစ်သတ်တာ။ PDF အထင်နဲ့ မသင်္ကာဖြစ်ပြီး ပစ်သတ်ခံရတာ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်၍ သေဆုံးသွားသော ရဲတပ်သား ဂျော်ကာတိုး။


Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ