မြန်မာဘီယာ ဒဂုံဘီယာကို ဆိုင်းဘုတ်ကြီးတောင်တင်ပြီးရောင်းရဲနေကြတဲ့ဆိုင်တွေ
ဘားတွေ KTV တွေကို ဗုံးခွဲသတိပေးတယ်ဆိုတော့
ဟာဒီကောင်တွေ လက်လွန် ကြက်သွန်တွေလုပ်ကုန်ပြီလား
မဟုတ်သေးပါဘူးဆိုပြီး သတင်းဖတ်ကြည့်လိုက်တာ
မြန်မာဘီယာ ဒဂုံဘီယာကို ဆိုင်းဘုတ်ကြီးတောင်တင်ပြီးရောင်းရဲနေကြတဲ့ဆိုင်တွေကိုတဲ့...
ခုချိန်မှာ စစ်တပ်နဲ့ နှီးနွယ်ထုတ်ကုန်တွေ ဒီလိုရောင်းနေသေးတာဟာ
စစ်တပ် အတွက် ကျည်ဆန်နှင့်ရိက္ခာ ဝယ်ယူရေး
ရန်ပုံငွေလုပ်ငန်းလို့ နာမည်တည့်တည့်မတပ်ရုံပဲရှိတယ်...
ဒါနဲ့ထပ်စဉ်းစားမိပြန်တာက
ဒီလိုဆိုင်တွေမှာ ငွေကုန်ကြေးကျခံ သောက်စားပြီး
ပြည်သူကိုပစ်ဖို့ကျည်ဆန်ဖိုးတွေ တကျပ်တပြား
တတ်အားသရွေ့ထောက်ပံ့နေတဲ့
နလပိန်းတုံး အတ္တဘောတွေလည်း ရှိနေသေးပါလားဆိုတာပဲ...
တောထဲမှာ လူငယ်တွေသေနေရတယ်
ထောင်ထဲမှာ လူငယ်တွေအကျဉ်းကျနေရတယ်
စစ်ကြောရေးမှာ လူငယ်တွေ ကြွေနေရတယ်
ရွာတွေလိုက် မီးရှို့ခံနေရတယ်
လေယာဉ်နဲ့ ဗုံးကြဲခံနေရတယ်...
မြို့ပေါ်တွေမှာတော့ ဘားတွေ ကလပ်တွေသွား
Shopping Vacation အစုံနဲ့ ပုံမှန် လည်ပတ်နေကြတယ်
သြော် ဒါပေမယ့် လူ့သဘာဝပဲလေ
လူတဦးချင်းစီရဲ့ ရွေးချယ်ခွင့်ပဲ သူတို့လည်း
စိတ်ဖြေရာရှာကြံရင်း ရတဲ့နည်းနဲ့ ထောက်ပံ့ကြမှာပါ
ဒီလိုပဲ နားလည်ဖြည့်ဆည်းပြီးတွေးခဲ့တယ်
တခါတောင် ဒီလိုအကြောင်းတွေရေးခဲ့ဖူးသေးတယ်...
ဒါပေမယ့် စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့
စားသောက်ဆိုင် ဖျော်ဖြေရေးလုပ်ငန်း ဘား ကလပ်
KTV Hotel ဆိုတဲ့နေရာတွေကျတော့
သားရီးတို့ရေ လီးပဲ
အဲ့နေရာတွေတော့ မသွားကြနဲ့လေကွာ
ငါတို့ပြည်သူဆီပစ်နေတဲ့ကျည်တွေအတွက်
မင်းတို့က ပိုက်ဆံသွားပေးပြီး
စိတ်ပြေလက်ပျောက် လုပ်ချင်ကြတယ်ဆိုရင်တော့
မင်းတို့ ကိုယ်တိုင်ပဲ ပြည်သူကိုဝင်သတ်လိုက်ကြပါတော့လား
ဘာထူးသေးလို့လဲ
ပျူစောထီးထဲဝင်လိုက် စစ်တပ်ထဲသာဝင်လိုက်ကြတော့လို့
ဗြောင်ထုတ်ဆဲရတော့မှာပဲ...
တော်လှန်ရေးမှာ လူအားမပါနိုင်ရင် ငွေအားနဲ့ပါ ပညာအားနဲ့ပါ
ဘာမှမပါနိုင်ရင်လည်း
အနှောက့်အယှက်မဖြစ်အောင် အသာထိုင်နေ ရသေးတယ်
ရန်သူကို ဓါးရိုးကမ်းတဲ့ အပေါက်တွေချိုးနေကြရင်တော့
ရန်သူဖြစ်သွားလိမ့်မယ်လို့ သတိပေးကြရတော့မှာပဲ...
(မိုးသွေး)
.
Comments