ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား


ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်အသီးသီးမှကျေးရွာများတွင်တည်ထားကိုးကွယ်သည့်ဘုရားစေတီများ၏ ဘွဲ့အမည် တည်သည့် ခုနှစ်နှင့် လှူဒါန်းသူ ဘုရားဒကာ၊ ဒကာမများ၏ အမည်များအားကောက်ယူကာ ပြန်လည်တင်ပြရန်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှညွှန်ကြားထားကြောင်းစစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနရှိ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။ရှေးအစဉ်အဆက်တည်ထားကိုးကွယ်ထားသည့် ဘုရားစေတီများအပြင် ကျေးရွာများအလိုက်တည်ထားကိုးကွယ်နေသည့် ဘုရားစေတီအားလုံးအား ဘုရားများတည်နေရာ၊ဘွဲ့အမည်၊ အလှူရှင်အမည်ကို အမည်စာရင်း ပုံများနှင့်တကွ စာရင်းပြုစု တင်ပြရန်ခိုင်းစေထားခြင်းဖြစ်ကြောင်း သိရသည်။
“ဘာလို့ကောက်ခိုင်းလဲဆိုတာတော့ မသိဘူး၊ ဒါတွေက အရင်ထဲက စာရင်းတွေက ရှိပါတယ်၊ညွှန်ကြားချက်အရ အသစ်ထပ်ကောက်ယူရတာ၊ လူဦးစာရေးကောက်လို့ပြီးတော့ ဘုရားစာရင်းပါထပ်ကောက်ခိုင်းတဲ့ သဘောလား မသိဘူး”ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။
ထို့အပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ထွေအုပ်စာရေးများမှဦးဆောင်ကာ အပတ်စဉ် ဘုရားများအား သန့်ရှင်းရေးလုပ်ဆောင်ရန်၊ ယင်းသို့လုပ်ဆောင်နေမှုများအား ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ပြန်လည်တင်ပြရန်လည်းခိုင်းစေထားကြောင်း သိရသည်။
“သာသနာရေးက သိတဲ့အတိုင်းပဲ အရင်ထဲက တိုက်ပွဲမှာ ပြသနာဖြစ်တာ ရောဂါတွေ့လို့ဆိုပြီးထွက်ရတဲ့ ဗိုလ်ကြီးဟောင်းတွေကို မြို့နယ်အဆင့် အရာရှိတွေအဖြစ်ပေးထားတာများတော့ သူတို့က နည်းနည်းထောင်တယ်လေ၊ အခုလဲအထက်မိန့်ဆိုပြီး လုပ်ချင်ရာ လုပ်နေတာပဲ၊ ဘုန်းကြီးတွေ ဘွဲ့အတွက်တောင် သူတို့ကပိုက်ဆံယူပြီးရောင်းစားနေတာ”ဟု အဆိုပါ အမည်မဖော်လိုသူ ဝန်ထမ်းမှဆက်လက်ပြောကြားသည်။
ဖေဖေါ်ဝါရီလ လဆန်းပိုင်းအတွင်း မင်းအောင်လှိုင်၏ ဧရာဝတီခရီးစဉ်အပြီးတွင် ယင်းသို့ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကောက်ယူထားပြီးသည့် အချက်အလက်များအားဖေဖေါ်ဝါရီ မကုန်မှီ အပြီးအစီးပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
🖋စကားဝါ

 
ပုံစာညွှန်း- ပုသိမ်မြို့ရှိ စေတီတစ်ဆူတွင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သန့်ရှင်းရေးလုပ်ဆောင်နေသည့် မြင်ကွင်း

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ