အညာဒေသ၌ စစ်ကောင်စီတပ်ဖွဲ့၏ရန်ကြောင့်မွေးမြူထားသည့် နွားများကို ရရာစျေးဖြင့်ရောင်းချနေရ ဟုဆို

မဇ္စျိမ။   ။စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးခြင်းခံရသော ကျေးရွာများရှိ ဒေသခံများ မွေးမြူထားသောနွားများအားရသည့်စျေးဖြင့်ရောင်းချနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“စကစ(စစ်ကောင်စီတပ်ဖွဲ့တွေသတ်စားမှာကြောက်လို့၊ နွားတွေကိုရတဲ့စျေးနဲ့ရောင်းနေရတယ်ရတဲ့စျေးဆိုတာက ပွဲစားပေးတဲ့စျေးအတိုင်းရောင်းလိုက်ရတာကိုဆိုလိုတာပါပေါက်စျေးမရဘူးလေအားလုံးနီးပါးကပွဲစားကိုပဲရောင်းနေရတာ” ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။
နွားတစ်ကောင်လျှင်ပျမ်းမျှပေါက်စျေးကျပ်၁၂သိန်းရှိသော်လည်း၊ ပွဲစားပေးသည့် ၁၀ သိန်းကျပ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြရကြောင်း သိရသည်။
“ခိုင်းနွားနှစ်ကောင်လောက်ပဲထားပြီးကျန်တာအကုန်ရောင်းပစ်တယ်မရောင်းဘဲထားပြန်ရင်လည်းစစ်အုပ်စု
(စစ်ကောင်စီတပ်ဖွဲ့ဝင်)က လာဖမ်းပြီးသတ်စားတယ်၊ ရွာမှာနွားဝက်ကြက်ဘာမှမွေးလို့မရဘူးဟုကန့်ဘလူဒေသခံတစ်ဦး ကပြောသည်။ အာဏာမသိမ်းမီကာလက အညာဒေသရှိကျေးရွာများတွင်တစ်အိမ်လျှင်ခိုင်းနွားအပါအဝင် အနည်းဆုံး နွားငါးကောင်ခန့် မွေးမြူလေ့ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းဒေသတွင်းစစ်ကြောင်းထိုးခံရမှုများကြောင့် နွားမွေးမြူခြင်းရှားပါးလာကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စာတည်း။  ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်