အင်အားကြီးနိုင်ငံအချို့ မြန်မာနိုင်ငံကို အနိုင်ကျင့်ဗိုလ်ကျ‌နေဟု မင်းအောင်လှိုင်ညည်းတွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ 

လူငယ့်ခေတ် 

အင်အားကြီးနိုင်ငံအချို့သည် မြန်မာနိုင်ငံအပေါ်  ခွဲခြားဆက်ဆံခြင်းပြုလုပ်နေသည်ဟု အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၆ ရက်တွင်ကျင်းပသည့် ရုရှား - မြန်မာ

 ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ၎င်းကအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

"နိုင်ငံငယ်လေးများအပေါ် မလိုတစ်မျိုး၊ လိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများပြု လုပ်နေသည်ဟု NUG အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံကြီးများကိုရည်ရွယ်ကာ ၎င်းကထိုသို့ ညည်းတွား ပြောဆိုခဲ့သည်။ 

သို့သော် စစ်ကောင်စီအပေါ် ဖေးမရပ်တည်ပေးသည့် ရုရှားကိုကျေးဇူးတင်ရှိကြောင်းနှင့် စစ်ကောင်အနေဖြင့် ရုရှားနိုင်ငံနှင့် ချစ်ကြည်ရေး ကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို တလေးတစားပြောဆိုခဲ့သည်။  

NUG အစိုးရသည် လက်ရှိအချိန်၌ အာရှတွင်အင်အားကြီးမားသည့် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံအပါအ၀င် ဥ‌ရောပနိုင်ငံအများအပြား၌ ၎င်း၏သံတမန်ရေးရာ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ထားသည်။ 



ဓာတ်ပုံ - ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌တွေ့ရသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်

#M02 #Lungekhit

Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း