နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများ တာဝန်ခံရမည်ဖြစ်၍ အခက်တွေ့နေ

ထွန်းမောင်
မဇ္ဈိမ။ ။.နိုင်ငံကူးလက်မှတ် (Passport)စာအုပ်ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ကိုယ်ပို့ဆောင်ပေးမည့်သူကို တာဝန်ခံရမည်ဖြစ်သည့်အတွက် အခက်တွေ့နေကြောင်း သိရသည် ။
နိုင်ငံကူးလက်မှတ် (Passport )စာအုပ်များကို ရက်အကန့်အသတ်မရှိရပ်နားထားပြီးနောက်၊ ယခုအခါ ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိကုမ္ပဏီမှ တာဝန်ယူပို့ဆောင်မည့်သူများ၏ အလုပ်ခေါ်စာနှင့်ပတ်သက်ပြီး အစစအရာရာတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး မှားယွင်းမှုရှိပါက ကုမ္ပဏီကိုပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်သည့်အတွက် အခက်တွေ့နေရကြောင်းသိရသည်။
Passport စာအုပ်လျှောက်ထားရာတွင်လည်း ပြည်ပအလုပ်ခေါ်စာပါကုမ္ပဏီတွင်သာလုပ်ကိုင်ရမည်ဖြစ်ပြီး တခြားကုမ္ပဏီများကို ပြောင်းရွေ့လုပ်ကိုင်ခွင့်မရှိဘဲ အကယ်၍ ပြောင်းရွေ့လုပ်ကိုင်သည်ကိုတွေ့ရှိရပါက
စာအုပ်လျှောက်ပေးသည့် အလုပ်အကိုင်အေဂျင်စီကို အရေးယူမည်ဟုလည်းသိရသည်။
‘’အခု Passport စာအုပ်လုပ်လို့ရလားဆိုတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီကမှ တာဝန်ယူပြီးလုပ်
မပေးတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ အကယ်၍ကုမ္ပဏီတစ်ခုကတာဝန်ယူပြီးPassportစာအုပ်လျောက်ပေး
လို့ တစ်ခုခုအပြစ်တွေ့တယ်ဆိုပါတော့၊ အဲဒီကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းမှာဖြစ်တဲ့အတွက် ဘယ်သူမှ
တာဝန်ယူပြီးမလုပ်ပေးတော့ဘူး။ ဒီတော့ ကာယကံရှင်ကိုယ်တိုင် လျှောက်ဆိုတော့လည်း QR စနစ်က ဖွင့်မပေးပြန်ဘူး ‘’ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးကဆိုသည်။
လက်ရှိတွင် Passport စာအုပ်များပြုလုပ်ရာတွင် အေဂျင်စီများအနေဖြင့်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
 (Passport ရုံး)၌ တိုက်ရိုက်လျောက်ထားခွင့်မရှိဘဲ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ
အဖွဲ့ချုပ်(MOEAF) ထံ ပြည်ပအလုပ်ခေါ်စာနှင့် တင်ရမည်ဖြစ်ပြီး (MOEAF) မှတစ်ဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို အဆင့်ဆင့်တင်ရမည်ဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာကို တင်သည့်အချက်အလက်နှင့် အလုပ်ခေါ်စာပါ အချက် အလက်များကွဲလွဲပါက Passport လျောက်ထားသည့် အေဂျင်စီများကိုပိတ်သိမ်းအရေးယူခံရမည်ဟုလည်း သိရသည်။ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် 
ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code လျှောက်ထားခြင်းများကို ရပ်ဆိုင်းထားပြီး၊ ယခုနှစ် ဇန်နဝါရီ၂ရက်မှစတင်ကာPassportစာအုပ်ပြုလုပ်ခြင်းများကို 
ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

UNHCR ဘယ်လိုလျှောက်ကြမလဲ

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

(NUG)People's government has right to stand in the world

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်