နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများ တာဝန်ခံရမည်ဖြစ်၍ အခက်တွေ့နေ

ထွန်းမောင်
မဇ္ဈိမ။ ။.နိုင်ငံကူးလက်မှတ် (Passport)စာအုပ်ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ကိုယ်ပို့ဆောင်ပေးမည့်သူကို တာဝန်ခံရမည်ဖြစ်သည့်အတွက် အခက်တွေ့နေကြောင်း သိရသည် ။
နိုင်ငံကူးလက်မှတ် (Passport )စာအုပ်များကို ရက်အကန့်အသတ်မရှိရပ်နားထားပြီးနောက်၊ ယခုအခါ ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိကုမ္ပဏီမှ တာဝန်ယူပို့ဆောင်မည့်သူများ၏ အလုပ်ခေါ်စာနှင့်ပတ်သက်ပြီး အစစအရာရာတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး မှားယွင်းမှုရှိပါက ကုမ္ပဏီကိုပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်သည့်အတွက် အခက်တွေ့နေရကြောင်းသိရသည်။
Passport စာအုပ်လျှောက်ထားရာတွင်လည်း ပြည်ပအလုပ်ခေါ်စာပါကုမ္ပဏီတွင်သာလုပ်ကိုင်ရမည်ဖြစ်ပြီး တခြားကုမ္ပဏီများကို ပြောင်းရွေ့လုပ်ကိုင်ခွင့်မရှိဘဲ အကယ်၍ ပြောင်းရွေ့လုပ်ကိုင်သည်ကိုတွေ့ရှိရပါက
စာအုပ်လျှောက်ပေးသည့် အလုပ်အကိုင်အေဂျင်စီကို အရေးယူမည်ဟုလည်းသိရသည်။
‘’အခု Passport စာအုပ်လုပ်လို့ရလားဆိုတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီကမှ တာဝန်ယူပြီးလုပ်
မပေးတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ အကယ်၍ကုမ္ပဏီတစ်ခုကတာဝန်ယူပြီးPassportစာအုပ်လျောက်ပေး
လို့ တစ်ခုခုအပြစ်တွေ့တယ်ဆိုပါတော့၊ အဲဒီကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းမှာဖြစ်တဲ့အတွက် ဘယ်သူမှ
တာဝန်ယူပြီးမလုပ်ပေးတော့ဘူး။ ဒီတော့ ကာယကံရှင်ကိုယ်တိုင် လျှောက်ဆိုတော့လည်း QR စနစ်က ဖွင့်မပေးပြန်ဘူး ‘’ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးကဆိုသည်။
လက်ရှိတွင် Passport စာအုပ်များပြုလုပ်ရာတွင် အေဂျင်စီများအနေဖြင့်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
 (Passport ရုံး)၌ တိုက်ရိုက်လျောက်ထားခွင့်မရှိဘဲ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ
အဖွဲ့ချုပ်(MOEAF) ထံ ပြည်ပအလုပ်ခေါ်စာနှင့် တင်ရမည်ဖြစ်ပြီး (MOEAF) မှတစ်ဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို အဆင့်ဆင့်တင်ရမည်ဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာကို တင်သည့်အချက်အလက်နှင့် အလုပ်ခေါ်စာပါ အချက် အလက်များကွဲလွဲပါက Passport လျောက်ထားသည့် အေဂျင်စီများကိုပိတ်သိမ်းအရေးယူခံရမည်ဟုလည်း သိရသည်။ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် 
ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code လျှောက်ထားခြင်းများကို ရပ်ဆိုင်းထားပြီး၊ ယခုနှစ် ဇန်နဝါရီ၂ရက်မှစတင်ကာPassportစာအုပ်ပြုလုပ်ခြင်းများကို 
ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️