မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ မြန်မာကို အာဆီယံအဖွဲ့မှထုတ်ပယ်ဖို့ အကြံပြုချက်က ငြင်းခုံမှုတွေ ဖြစ်စေ

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီလ ၁၇ ရက်

 

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်သင့်တယ်ဆိုတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ အကြံပြုချက်ဟာ အာဆီယံအဖွဲ့ ရင်ဆိုင်နေရတဲ့ ဖိအားဖြစ်လာတယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ပထမဆုံးသော ဒေသတွင်းခရီးစဉ်အဖြစ် ထိုင်း နိုင်ငံသို့သွားရောက်စဉ် မိန့်ခွန်းပြောကြားရာမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကျူးလွန်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းပေါ် အာဆီယံအဖွဲ့ရဲ့ တုံ့ပြန်ချက်ကိုအန်ဝါက ပြောကြားခဲ့တာဖြစ်ပါတယ်။

 အန်ဝါရဲ့ မှတ်ချက်စကားက အာဏာသိမ်းမှုဖြစ်ပြီး နှစ်နှစ်အကြာမှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ရပ် ဆိုင်းဖို့သို့မဟုတ် ထုတ်ပယ်ဖို့ အာဆီယံနိုင်ငံတွေက ဆန္ဒရှိ မရှိ ငြင်းခုံမှုတွေ ဖြစ်စေခဲ့ပါတယ်။

 မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့နဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောမှု မြှင့်တင်ပေးမယ့် ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အာဆီယံအဖွဲ့က အာရုံမပြောင်းသင့်ဘူးလို့ မလေး ရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီကဒါက ပြောပါတယ်။

မြန်မာအရေးမှာ ငြိမ်းချမ်းသော တာရှည်ခံသော အဖြေတစ်ခုရရှိစေဖို့ ကြိုးပမ်းမှုမှာ မလေးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အနီးကပ် အပြုသဘောဆောင်စွာ ဆက်လက်လုပဆောင်မယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက်  ရပ် ဖော်ဆောင်ရာ မှာတိုးတက်မှုမရှိတာကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ လုံးဝ ရပ်ဆိုင်းဖို့ တက်ကြွလှုပ်ရှားသူအဖွဲ့တွေက အာဆီယံအဖွဲ့ကို တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံအချို့ကြား သည်းညည်းမခံနိုင်တော့တာကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ရပ်ဆိုင်းဖို့ က ဖြစ်နိုင်တယ်လို့ နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာပြုလုပ်တဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာလေ့လာသူအချို့က ကနဉီး အကြံပြုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကြား အမြင်ကွဲပြားနေပြီး ဗီယက်နမ်၊ ထိုင်းနဲ့ လာအိုနိုင်ငံ တွေကပြန်လည်သင့်မြတ်စေလိုတဲ့ ရပ်တည်ချက်ရှိနေပါတယ်။

စင်ကာပူအခြေစိုက် ISEAS – Yusof Ishak Institute က မကြာသေးမီကပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်သင့်တယ်လို့ ဖြေကြားသူ ၁၃ ဒသမ  ရာခိုင်နှုန်းက ဖြေဆိုခဲ့ပြီး မနှစ်က ရာခိုင်နှုန်းထက် ပိုများလာခဲ့ပါတယ်။


ကိုးကား - South China Morning Post

Ref; Malaysian PM Anwar’s suggestion of Asean ‘carving out Myanmar’ faces uphill task

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်