“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

“ယူကရိန်း အတွက် လေယာဥ်တွေ ဂျာမနီအခြေစိုက် လေတပ်စခန်းကနေ တဆင့် ပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက် လက်တွေ့ အကောင်အထည် ဖော်ဖို့ခက်၊ ဘယ်လိုနည်းနဲ့ ယူကရိန်းလက်ထဲ ထည့်နိုင်မလဲ ဆက်ဆွေးနွေးကြမယ်” ဂျွန်ကာဘီ- ပင်တာဂွန်ပြောခွင့်ရ 


အမေရိကန် ကာကွယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပိုလန်က သူတို့ လေယာဥ်တွေကို ယူကရိန်းထံ တိုက်ရိုက် မဟုတ်ပဲ အမေရိကန်ဆီ လွှဲပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ဟာ လက်တွေ့ လုပ်ဆောင်ဖို့ရာ ခက်လှတယ်လို့ ဆိုပါတယ်။


“ကျွန်တော်တို့ ပြောထားသလိုပါပဲ။ ပိုလန်ပိုင် လေယာဥ်တွေကို ယူကရိန်းကို ပေးဖို့ မပေးဖို့ဆိုတာ ပိုလန်အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်။ ပိုလန်ရဲ့ ကမ်းလှမ်းချက်ထဲမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။


ဂျာမနီအခြေစိုက် အမေရိကန်/နေတိုး လေတပ်စခန်းကနေ တိုက်လေယာဥ်တွေ ပျံတက်ပြီး  ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတာတွေကို အံတုဖို့ ပေးတယ် ဆိုတဲ့ ကမ်းလှမ်းမှုဟာ နေတိုး မဟာမိတ် တစ်ဖွဲ့လုံး အတွက် စိုးရိမ်မှုတွေ အလေးအနက် ပေါ်ပေါက်လာစေပါတယ်။


ပိုလန် အပါအဝင် တခြား နေတိုးအဖွဲ့ဝင် မဟာမိတ်တွေနဲ့ကြား ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေး ညှိနှိုင်းသွားပါ့မယ်။ လေယာဥ်တွေကို ယူကရိန်းလက်ထဲ ဘယ်လို ထည့်ပေးနိုင်မလဲ ဆိုတဲ့ သယ်ယူ ပို့ဆောင်ရေးဟာ စိန်ခေါ်မှု အခက်အခဲတွေ ရှိနေပါတယ်။ 


လက်ရှိ ပိုလန်ရဲ့ ကမ်းလှမ်းချက် အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ ယူဆထားပါတယ်” ဆိုပြီး ဂျွန်ကာဘီက ထုတ်ပြန်ပါတယ်။ 

 #ဘီဘီစီမြန်မာပိုင်း #ယူကရိန်းစစ်


Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)