ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေက အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖြေကြားဖို့ ငြင်းဆန်

ယူကရိန်းစစ်ပွဲ ပြင်းထန်လာတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေက အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖြေကြားဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။ 


ပင်လယ်ကွေ့နိုင်ငံတွေဟာ ရေနံထုတ်လုပ်တင်ပို့မှုကြီးမားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပြီး လက်ရှိအချိန်မှာ ရုရှားက ရေနံဝယ်ယူရောင်းချမှုတွေကို ရပ်ဆိုင်းပြီး ရေနံဈေးနှုန်း မြင့်မားလာခဲ့ပါတယ်။


ဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းအတွင်း ယီမင်နိုင်ငံက စစ်ပွဲမှာ ကူညီထောက်ပံ့မှုမရှိတာနဲ့ အီရန်နိုင်ငံနဲ့ နျူကိစ္စဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ကြိုးစားတာတွေကြောင့် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေး အထစ်အငေါ့ဖြစ်ရတာ ဖြစ်နိုင်ကြောင်း အမေရိကန် အစိုးရအရာရှိတွေက သုံးသပ်ကြပါတယ်။


ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်မှုအပေါ် အမေရိကန်အပါအဝင် နိုင်ငံတကာက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပေမယ့် ကြားနေလိုတဲ့နိုင်ငံတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတွေက သူတို့အနေနဲ့ ရုရှားက ဦးဆောင်နေတဲ့ ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့က သတ်မှတ်သဘောတူထားတဲ့ ပမာဏထက် ပိုမိုထုတ်လုပ်ရောင်းချဖို့ မရှိဘူးလို့ ငြင်းဆန်ထားကြပါတယ်။

ကောင်းမြတ်လင်း


Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ