ဒေါ်လာ ၂၀၄ သန်းတန် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီး နေပြည်တော် ရောက်မည်

Breaking News - အကြမ်းဖက်စစ်တပ်က ဝယ်ယူထားသော ဒေါ်လာ ၂၀၄ သန်းတန် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီး နေပြည်တော် ရောက်မည်


ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ


အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME  စစ်တိုက်လေ ယာဉ် ၆ စီး နေပြည်တော်သို့ ယခုရက်ပိုင်းအတွင်းရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ 


ရုရှားနိုင်ငံလုပ် IL-76TD အမျိုးအစား ကုန်တင်လေယာဥ်ဖြင့် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီးနှင့် အပိုပစ္စည်းများကို မတ်လ ၁၀ ရက်နေ့ ၊ မတ်လ ၁၂ ရက်နေ့ နှင့် မတ်လ ၁၄ ရက်နေ့တို့တွင် နေပြည်တော်သို့ လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ 


မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည်  ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဝယ်ယူပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်သို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့်  SU-30SME စစ်တိုက်လေယာဉ်သည်  လက်နက်ခဲယမ်းနှင့် ဒုံးကျည်များကို ပုံစံမျိုးဖြင့် တပ်ဆင်နိုင်ပြီး လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။ 


လက်ရှိတွင် အကြမ်းဖက်စစ်တပ်သည် ရုရှားနိုင်ငံလုပ် Yak-130 စစ်တိုက်လေယာဉ်များကို တိုင်းရင်းသား နယ်မြေများနှင့် ပြည်သူများကို ပစ်ခတ်တိုက်ရာတွင် အဓိက အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ရုရှားထုတ် SU-30SME အမျိုးအစား စစ်တိုက်လေယာဉ်တစ်စင်း။

Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ