ဦးညီပု၏သမီး မမိုးဆန်းစုကြည် ထပ်တိုးတရားစွဲခံရ

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထပ်တိုးတရားစွဲခံရ 


ချစ်အိလှိုင်

နိရ ဉ္စရာ၊ မတ် ၉/ ၂ဝ၂၂ 


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီးဖြစ်သူ မမိုးဆန်းစုကြည်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထပ်တိုးတရားစွဲခံလိုက်ရကြောင်း သိရသည်။ 


မမိုးဆန်းစုကြည်မှာ ၅၀၅(ခ)ပုဒ်မဖြင့် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရချိန် ယမန်နေ့ မတ်လ ၈ ရက်တွင် အင်းစိန်အကျဉ်းထောင်အထူးတရားရုံးက ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံလိုက်ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က နိရ ဉ္စရာအားပြောသည်။ 


တရားခံပြသက်သေအနေနဲ့တွေ့လို့ရတယ်ဆိုလို့ အန်တီသွားတွေ့ခွင့်ရခဲ့တယ်။ စိုးရိမ်စိတ်ရှိတာပေါ့။ ကိုယ့်သားသမီးကို မှန်မှန်ကန်ကန်နဲ့ဖြစ်စေချင်တယ်။ ကိုယ့်သမီးကလည်း ငယ်ငယ်လေးပဲရှိသေးတယ်။ အညွန့်အဖူးပဲရှိသေးတာ။ သူ့ရဲ့ရှေ့ရေးလည်း စိုးရိမ်တာပေါ့။ အန်တီတို့က ဘာပြောနိုင်မှာလဲ။ သူတို့လုပ်သမျှခံရမှာပဲ ဟုပြောသည်။ 


ပုဒ်မ ၁၇(၁)သည် ထောင်ဒဏ်အနည်းဆုံး ၂ နှစ်မှ ၃ နှစ်အထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။ 


မမိုးဆန်းစုကြည်သည် လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်းတွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အင်းစိန်အကျဉ်းထောင်တွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ 


အလားတူ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)တို့ဖြင့် စစ်တွေအကျဉ်းထောင်တွင် အလုပ်နှင့်ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ်ကျခံနေရသည်။ 


ယင်းအပြင် ဦးညီပုသည် မဲမသမာမှုပုဒ်မ ၁၃ဝ(က)ဖြင့်လည်း ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ စွဲချက်တင်ခံထားရသေးသည်။


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ