အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

ထိုင်းလက်ရွေးစင်ဘောလုံးအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်၍ အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ်ပြော

မြန့်လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်အန်တွမ်နီဟေးက ထိုင်းလက်ရွေးစင်ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဥ်ပြိုင်ကစားခြင်းမပြုမီ ဒီဇင်ဘာ ၁၀ ရက်(ယနေ့)မွန်းလွဲ ၂ နာရီ၌ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ထိုင်းနိုင်ငံရှိ သမ်မာဆက်အားကစားကွင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့်နောက်ခံလူရဲမင်းသူ(ရှမ်းယူနိုက်တက်) တို့တက်ရောက်ဖြေကြားခဲ့သည်။

"ထိုင်းလက်ရွေးစင်အသင်းနဲ့ခြေစမ်းပွဲက ကျွန် တော်တို့ နှစ်သင်းစလုံးယှဉ်ပြိုင်ရမယ့် AFF Mitsubishi Ecectric Cup 2022 အတွက်ကောင်း မွန်တဲ့ပြင်ဆင်မှုတစ်ရပ်ဖြစ်ပါတယ် ထိုင်းအသင်းက အသင်းကောင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာပါ"ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်ကစားသမား ရဲမင်းသူကလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လျက်ရှိကာ အ သင်းသားများမှာလည်း အကောင်းဆုံးအနေအ ထားရှိပြီး အသင်းဖော်ချင်းယုံကြည်မှုရှိကာ အ သင်းကောင်းတစ်သင်းဖြစ်သည့် ထိုင်းလက်ရွေး စင်ဘောလုံးအသင်းအား လေးစားမှုနှင့်အ ကောင်းဆုံးယှဥ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုမီ နိုင်ငံတကာခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားခဲ့ပြီး အနိုင်ရလဒ်များရရှိခဲ့ကာ ဒီဇင် ဘာ ၁၁ ရက်(မနက်ဖြန်)ည ၉ နာရီ၌ Thammasat Stadium ကွင်းတွင် ထိုင်းလက်ရွေးစင်အသင်းနှင့်ပွဲစဥ်သည် ခြေစမ်းပွဲနောက်ဆုံးပွဲစဥ်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ထိုင်းလက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲယှဥ်ပြိုင်ကစားပြီးပါက AFF Mitsubishi Electric Cup 2022 အုပ်စုပွဲစဉ်၏ အဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့် ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

(ပေါ်ပြူလာဘောမသတင်း)


၆ဂိုးမှာ၂ဂိုးကအလှု အကောင်းဆုံး
ဆိုတာသူများသွေးပူလေ့ကျင့်ခန်းဆင်း
သလောက်ပဲရှိတာ  AFF Mitsubishi Electric Cup 2022 
မှာဘယ်လောက်ထပ်လှုမလဲဆိုတာသိရပါမယ်။

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️