စိုးသိမ်း ၏ သမီး ရီမွန်အေး




အမေရိကန် သိပ္ပံပညာရှင် မရီမွန်အေး ဟာ  နအဖ လက်ထက် ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးသိမ်း ၏ သမီးဖြစ်တယ်။ ဦးစိုးသိမ်း ဟာ ဆင်းရဲသောမိဘများ က မွေးဖွားလာသူဖြစ်ပြီး  DSA အပတ်စဉ် ၁၁ မှာ အောင်စစ်သည်ဆု နှင့် သေနတ်ဆု ရခဲ့တယ်။  ဇနီးဖြစ်သူ မအေးကြင် ဟာလည်း သားသမီးတဦးမှတဦး ကျောင်းစရိတ်ထောက်ပံ့ရသော မိသားစု မှ မွေးဖွားလာသူဖြစ်လို့  ငယ်ငယ်က အင်မတန်ဆင်းရဲတယ်လို့ဆိုတယ်။ ဗိုလ်ကြီးဘဝ မှာကတည်းက ရေတပ်မှောင်ခိုခေါင်းဆောင်ဖြစ်ခဲ့လို့  ဒေါ်လာ သန်းချီပြီး ဟောင်ကောင်က အမ တယောက်ထံမှာ အပ်ထားပြီး ကုတ်ကုတ်နေခဲ့တယ်။ ရေတပ်မှာ မှောင်ခိုမှုနဲ့ ဦးနေဝင်းကစစ်တော့ ရေတပ် တတပ်လုံး ပြုတ်တယ်၊ သူကျန်တယ်။ ဦးစိုးသိမ်းဟာ သားသမီးတွေကို မြန်မာပြည်မှာမှာ  အရေးအကြီးဆုံး စာမေးပွဲဖြစ်တဲ့ ၁၀ တန်းစာမေးပွဲမှာ အဆင့် ၁ မှ ၁၀ အတွင်းဝင်အောင် နောက်ကွယ်မှ  စီမံခန့်ခွဲထားနိုင်သူဖြစ်ပါတယ်။ သားသမီးတွေကိုလည်း  ၁၀ တန်းအောင်ပြီးနောက် စုတ်ပြတ်သတ်နေတဲ့ မြန်မာပြည်တက္ကသိုလ်တွေမှာ မထားဘဲ အနောက်နိုင်ငံများက နာမည်ကြီးတက္ကသိုလ်တွေမှာ ပညာ ဆက်လက်သင်ကြားစေခဲ့တယ်။ ဒါ့အပြင် အတိုက်အခံ တချို့နှင့် ပူးပေါင်း၍လည်း  သူ့သားသမီးတွေကို အမေရိကန် ဆန်ရှင် list ထဲ  မပါအောင် တားဆီးနိုင်ခဲ့တယ်။ ထူးချွန်လို့ လူသားတွေကိုု အကျိုးပြုနိုုင်တာမှန်ပေမဲ့ စန်ရှင်ကိုုလိမ်ပြီး ကျောင်းသွားတက်ခဲ့တာ ကတော့ အရှိတရားဖြစ်တယ်။ ဦးစိုးသိမ်း အာဏာရလာပြီးနောက် သူမွေးထားတဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာအတိုက်အခံတွေကို မြန်မာပြည်အစိုးရဆီမှာ ပြန်လည်ဝင်ရောက်အမှုထမ်းစေပြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့တယ်။ ယနေ့အချိန်မှာ ဘောလခဲအမတ် အဖြစ်တာဝန်ထမ်းဆောင်နေပြီး  သာ-ဝန် သူရအောင်ကို ပြုတ်ကျရေးလှုပ်ရှားမှုများ၊  သူရရွှေမန်း ပြုတ်ကျရေးလှုပ်ရှားမှုများ၊ အစိုးရကို စီးပွားရေးအရ တော်လှန်ဖို့ ကုန်သည်များအကြား စည်းရုံးသွေးထိုးခြင်းလုပ်ငန်းများ၊  ယခုအစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရှင်ဝန်ကြီး၊ ဒုဝန်ကြီးများကိုစည်းရုံးခြင်း၊ ပညာရှင်လွှတ်တော် အမတ်များကို စည်းရုံးခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ ရွှေမန်းက သူတို့အပတ်စဉ် gathering ကို ပို့တဲ့သဝဏ်လွှာမှာပါတဲ့ အမေ့သားကိစ္စ မှာ စစ်တပ်က ကန့်ကွက်စာထုတ်အောင်  ကာချုပ် မအလ ကို ချွန်တွန်းနိုင်သူဖြစ်တယ်။ အထင်ရှားဆုံး လုပ်ရပ် ကတော့ ပြီးခဲ့တဲ့ တပ်မတော်နေ့မှာ ပညာရှင် ဝန်ကြီးတွေ ဒုဝန်ကြီးတွေကို ပင်နီမဝတ်ရ  ကန့်သတ်ပြီး သွားတက်သူတွေကို တန်ဖိုးကြီးလက်ဆောင်တွေ ပေးခဲ့တယ်။ တပည့်အရင်းဖြစ်တဲ့ ဖေဇင်ထွန်း ကိုတော့ တပည့်ဖြစ်သူ ပြည့်ဝထွန်း တူးဖော်နေတဲ့ ရခိုင်ကမ်းလွှန်လုပ်ကွက်က ရှယ်ယာ ၁% ကို လက်သိပ်ထိုးခဲ့ပါတယ်။ စိုးသိမး် cell တွေ ထဲမှာ ပြည့်ဝထွန်း ပါရမီ ကုမ္ပဏီ ၊ စိုးမင်းသန့် Igreen ကုမ္ပဏီ တို့ဟာ ထင်ပေါ်တယ်။  Igreen က ယခု ကင်းကွာသွားပြီ ကြားတယ်။ ဘုန်းကြီးကိစ္စ နှင့် စည်းရုံးရေးကိစ္စမှာ ရွှေသံလွင် ကျော်ဝင်းက အဓိကလို့ ဆိုတယ်။ ရွှေသံလွင် မှောင်ခိုချတာကို စိုးသိမ်း က သူ့ရေတပ်ဆီခွဲတမ်းကို ဖြတ်တောက်ပြီး အောက်က အရာရှိတွေ မှောင်ခို သဘောင်္တွေလိုက်မဖမ်းနိုင်အောင် ကူညီဖူးလို့ဖြစ်တယ်။ အဲ့တုန်းက ဗိုလ်ခင်ညွှန့်ပြုတ်နေတဲ့အချိန်ဆိုတော့...

ရွှေသံလွင် ပွပေါက်တိုးခဲ့သတဲ့။ ရေတပ် မှာ ပထမ ဦးဆုံး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမည်လို့ ဗိုလ်လောင်းဘဝ က သူ့ကိုယ်သူ ကြွေးကြော်ခဲ့တဲ့ ဦးစိုးသိမ်းဟာ တပ်မတော်မှာ ရေတပ် ဦးစီးချုပ်ရာထူးရပေမဲ့ ကာချုပ်မဖြစ်ခဲ့ပါဘူး။  အမေရိကန်ပြည်ထောင်စုနဲ့ချိတ်ခဲ့သော်လည်း ပြည်ခိုင်ဖြိုးမဲရှုံးလို့သော်လည်းကောင်း၊ PR ကိစ္စ နှင့် ရွှေမန်းကို မလှန်နိုင်၍သော်လည်းကောင်း သမတ ဖြစ်ဖို့ရည်မှန်းချက်တွေ ဝေးကွာခဲ့ရပြန်တယ်။ ဒီချုပ်ပါတီ လွှတ်တော်အမတ်လောင်း စာရင်းအတွင်း  သူနှင့်ရင်းနှီးသူ သို့မဟုတ် ကြိုးကိုင်၍ ရနိုင်သူ အမတ်လောင်း ၃၀% ထည့်ထားသော်လည်း ရွေးပွဲပြီးနောက် ဒီချုပ်ကိုဖြိုခွဲခြင်းမပြုနိုင်လို့  လွှတ်တော်ထဲထိုင်စောင့်နေဆဲပါ။ သူ့ရဲ့ MiCa ကို ဦးဝင်းထိန် က အဆိုတင်သွင်း ဖျက်သိမ်းခိုင်းလို့ အရှုံးကြီးရှုံးနေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ စိုးသိမ်းရဲ့ သမတဖြစ်ရေးရည်မှန်းချက်များက မရပ်နိုင်သေး။ လက်ရှိအနေအထားမှာ MPT ဖုန်းများ Telenor ဖုန်းများနဲ့ လွှတ်တော်အမတ်များ အစိုးရအဖွဲ့ဝင်များရဲ့ ဖုန်းတွေ ကြားဖြတ်နားထောင်ခြင်း ကို စိုးသိမ်း cell များက လုပ်နေတယ်။ ငြင်းဆန်တဲ့ ooredoo ကိုတော့ စိုးသိမ်းက ညစ်ဖို့ကြံနေတယ်တဲ့။ စိုးသိမ်းရဲ့ လက်ရှိ plan ကတော့ ၂၀၁၈ ခုနျစ်မှာ အထွေထွေသပိတ်ကြီးဖြစ်လာပြီး လက်ရှိအစိုးရ ပြုတ်ကျရင်ပြုတ်ကျ ဒါမှမဟုတ် ဒေါ်စု သေပြီး စစ်တပ်-အရပ်သား ကြားဖြတ်အစိုးရ မှာ သူ သမတဖြစ်ရေးဖြစ်တယ်။ စိုးသိမ်းဟာ ရွှေမန်း ညှိကွပ်ဖြစ်တုန်းက ရွှေမန်းအိမ်မှာ နံနက် ၆ နာရီထိုးရင် စစ်ဆင်ရေး သတင်းတွေ လာတင်ပြပြီး  ဖားတတ်သူ ဖြစ်သလို သိန်းစိန် သမတ ဖြစ်တော့ သိန်းစိန်အိမ်ကို နံနက် ရ နာရီ နေ့တိုင်းသွားပြီး နိုင်ငံရေးရာကိစ္စတွေကို  သတင်းပို့ပြီး ရွှေမန်းကို အပြတ်ဆော်ခဲ့သူဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘာမှမလုပ်တတ်ဖူးဟု မကြာခဏဝေဖန်တတ်သူ ဖြစ်တယ်ဟု ဝန်ကြီးဟောင်း  PA တယောက်က ဆိုတယ်။ 


ဒီတယောက်ကတော့သားဖြစ်သူပါ

https://m.facebook.com/aye.chan.378


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️