အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

 



အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေနဲ့ တွဲဖက်ပြီး စီးပွါးရေးလုပ်ကိုင်တဲ့သူတွေရဲ့ အမည်စာရင်းတွေကိုပါ ကြေညာထားပါတယ်။ အဲဒီအထဲမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊ ကိုနိုင်ဖြိုးကျော် (ခ) ကိုကိုနိုင်၊ ကိုဝေမင်းမောင် (Myanmar Media 7) ၊စန်းကိုကိုတင့်ဆန်း တို့ကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ Myanmar Media 7 နဲ့ 7th Sense တို့ဟာ ၂၀၁၃-၁၄လောက်စပြီး အနုပညာလောကထဲ ဝင်ရောက်လာကာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖြန့်ချိရေးတွေမှာ ငွေပေါင်းများစွာ အကုန်ကျခံပြီး လုပ်ကိုင်လာတာဖြစ်ပါတယ်။ မီဒီယာကို မီဒီယာနဲ့တိုက်ဖို့အတွက် ရုပ်ရှင်နဲ့မီဒီယာလောကမှာ ခြေကုတ်ယူပြီး ၂၀၁၈ခုနှစ်ကစလို့ ရုပ်သံလိုင်းတွေနဲ့ပူးပေါင်းကာ ရုပ်သံအစီအစဉ်တွေ ရိုက်ကူးထုတ်လုပ်တာကနေ ဒီနှစ် ဇန်နဝါရီလ (၁)ရက်မှာလည်း OU Streaming App ကို စတင်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အခမဲ့ပြသနေတဲ့လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
























စန်းကိုကိုတင့်ဆန်းသည်ယခင်သမ္မတဟောင်း ဦးသိန်း

စိန် လက်ထက် အားကစား ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးတင့်ဆန်း၏ သားအငယ် ဖြစ်ပြီး ACE ကုမ္ပဏီလုပ်ငန်းစု နှင့် ဗိုလ်ချုပ်မင်းအောင်လှိုင် သမီးနှင့်ချွေးမတို့ နှင့်ပူးပေါင်းကာ Stella Seven media အပါဝင် အခြားလုပ်ငန်းစုများပူးပေါင်းလုပ်ကိုင်နေသူ ဖြစ်သည်

ဗိုလ်ချုပ်ဟောင်းများ၏ သားသမီး အများအပြားကဲ့သို့ပင် ACE ကုမ္ပဏီကအထူးအခွင့်အရေးများနှင့် အကျိုးအမြတ်များသော စီးပွားရေး သဘောတူညီချက်များ ရရှိခဲ့သည်။

ထို့အပြင်ဗိုလ်ရှုခံ အ ဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါမခေါ်ယူဘဲ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းမိသားစုပိုင် ACE ကုမ္ပဏီသည် လွှတ် တော်နှင့် အိမ်တော်ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများကို ဆောင် ရွက်နေသော ကုမ္ပဏီဖြစ်ခြင်း၊ အဆောက်အအုံသည် လွှတ် တော်နှင့် အိမ်တော်ဧရိယာဝင်း အတွင်း တည်ဆောက်ရသည် ဖြစ်၍ လုံခြုံရေးအရ လိုအပ်ခြင်း တို့ကိုအကြောင်းပြကာ အထူးကိစ္စတစ်ရပ် အနေဖြင့် ခွင့်ပြုချက်ရယူတာဝန် ပေးအပ်ခဲ့သည်။


၂၀၁၇ က သူ၏အကိုဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် ACE ကုမ္ပဏီ ဝန်ထမ်း ၂ ဦးကို မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ မထွက်ခွာမီ ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သူတို့နှင့် အတူ တရားမဝင်လက်နက်များနှင့် မူးယစ်ဆေးများကို ရဲအဖွဲ့က တွေ့ရှိခဲ့သည်။

ထိုစဉ်ကနေပြည်တော်မှ ACE ဟိုတယ် နှင့် ရန်ကုန်ရှိ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် ဟိုတယ်နှင့် အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ သေနတ် ၈ လက်၊ ကျည်ဆံများ၊ သူ၏ အမည်နှင့် နိုင်ငံတော်တံဆိပ် တပ်ဆင်ထားသော ပျောက်ကြား ဂျာကင်တထည်၊ မြန်မာ နိုင်ငံတော်တံဆိပ်နှင့် တံဆိပ်ပေါ်တွင် ဦးခေါင်းခွံနှင့် အရိုးများ ကြက်ခြေခတ်ထားသည့် ပုံပါဝင်သော အနက်ရောင် လက်ရှည် ရှပ်အင်္ကျီတထည်၊ စနိုက်ပါ မှန်ပြောင်း ၂ ခု၊ စစ်ရောင် သံလိုက်အိမ်မြှောင်တခု၊ သေနတ် ပစ်ကွင်းချိန်သည့် ကိရိယာတခုနှင့် ကျည်ကာ အင်္ကျီ၂ ထည် အပါအဝင် လက်နက်များ ထပ်မံ တွေ့ရှိခဲ့သည်။

အကျိုးအမြတ် များပြားသော စီးပွားရေး အခွင့်အလမ်းများနှင့် နိုင်ငံရေး အာဏာကို တချိန်က အပူအပင်မဲ့ ခံစားခဲ့ကြရပြီး လက်ရှိ အစိုးရလက်အောက်တွင် ကြီးမားသော စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးခဲ့ရသည့် အချို့နိုင်ငံရေးသမားများနှင့် လူတစုတွင် ဒေါ်အောင်ဆန်းစုကြည်ကို အန္တရာယ်ပြုရန် အစီအစဉ်တခု ရှိကောင်း ရှိနိုင်ခဲ့သည်။ ယခင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ စီးပွားဘက် ခရိုနီများနှင့် ဆက်နွယ်နေသော သြဇာကြီးသည့် အုပ်စုများက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရနှင့် ပတ်သက်၍ စိတ်မချမ်းမသာ ဖြစ်ကြမည်မှာ သံသယရှိစရာ မလိုပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အာဏာရရှိခဲ့သည့် အချိန်မှစ၍ တချိန်က ငွေကြေးချမ်းသာ၍ သြဇာခဲ့ရှိသူများ ပါဝင်သည့် အဖွဲ့တခုက တိုင်းပြည်တွင်းတွင် မတည်ငြိမ်မှုများ ဖန်တီးရန် ကြိုပမ်းနေခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အချို့က သံသယ ရှိနေကြသည်။ တိုင်းပြည်တွင် တည်ငြိမ်မှု မရှိခြင်းက တပ်မတော် အာဏာပြန်သိမ်းရာမှ ရာထူးနှင့် အာဏာများ ပြန်လည်ရလာနိုင်နိုး သူတို့က တွေးကောင်း တွေးနိုင်ပါသည်။

ဖြိုးကိုကိုတင့်ဆန်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီဝင်တယောက် ဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မြောင်းမြ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်း(USDA) ကို ၁၉၉၃ ခုနှစ်တွင် ယခင် စစ်အစိုးရ၏ လမ်းညွှန်မှုဖြင့် တည် ထောင်ခဲ့ခြင်း ဖြစ်ပြီး အသင်း၏ နာယက မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မပြုလုပ်မီတွင် အသင်းမှ နေ၍ တရားဝင် နိုင်ငံရေး ပါတီအဖြစ်ပြောင်းလဲခဲ့သည်။ မသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲခြင်းခံရသော အဆို ပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းတွင် အာဏာရ ပါတီ ဖြစ်လာသည်။ ယခုအခါတွင် စန်းကိုကိုတင့်ဆန်း​၏ မိန်းမဖြစ်သူ မိုးနွေဦး (မင်းအောင်လှိုင် သမီးချွေးမတို့နှင့် အတူလုပ်ကိုင်သူ) သည် United States of America တွင် သားသမီးများနှင့်အတူ လာရောက်ပုန်းအောင်းခိုလှုံလျက်ရှိသည်။


Comments

Popular posts from this blog

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️