မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး
စောဖိုးခွား(ဝါရှင်တန်ဒီစီ) ■ဒီကနေ့ မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နေအိမ်ထဲမှာရှိနေတဲ့ အသက် ၇ နှစ် ကလေးငယ်တစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ နေအိမ်ထဲမှာနေနေတဲ့ ဖခင်ဖြစ်သူ ရင်ခွင်ထဲ ပိုက်ချီထားတဲ့ မခင်မျိုးချစ် (၇ နှစ်)ဟာ ဗိုက်ကို သေနတ်ကျည်ဆံထိမှန်ပြီး ဖခင်ဖြစ်သူ လက်ထဲမှာတင် သေဆုံးသွားတာလို့ အမဖြစ်သူက RFA ကိုပြောပါတယ်။ သေဆုံးသွားတဲ့ မခင်မျိုးချစ် (၇ နှစ်) ဟာ မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး မိသားစုဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ်ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက် ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ မခင်မျိုးချစ် (၇ နှစ်)ဟာ အငယ်ဆုံး ဖြစ်ပါတယ်။ မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။ မနေ့က မန္တလေးမြို့တွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။ အဲ့ဒီ ၁၄ နှစ်အရွယ်ကလေးငယ်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခြင်းမရှိဘဲ နေအိမ်နားတဝိုက်မှာရှိနေစဉ် ပစ်ခတ်ခံရတာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတ...














Comments