Popular posts from this blog
လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး
By
YeYint Nge
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၄ ရက် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် လျှပ်စစ်ရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအပါအဝင် ရုံးရှိဝန်ထမ်းအချို့က မီတာဆောင်ထားသည့် ကျပ်ငွေသိန်းပေါင် ၁၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားကြောင်း လက်ပံတန်းမြို့ခံများထံက သိရသည်။ အဆိုပါ မီတာခများ ယူဆောင်ထွက်ပြေးသွားသည့်သူများမှာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဝေဖြိုးအောင်ဆိုသူမှ သိန်း ၁၀၀၀ ကျော်၊ မီတာစာရေး ဖြိုးသက်နောင်ဆိုသူမှ ကျပ်ငွေ သိန်း ၄၀၀ ကျော်၊ မန်နေဂျာ ပေါဦးဆိုသူမှ ကျပ်ငွေသိန်း ၉၀၀၊ သာရဝေါခွဲမှူးဆိုသူမှ ကျပ်ငွေ သိန်း ၁၀၀၀ ကျော်ယူဆောင်ထွက်ပြေးသွားကြောင်း လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ ဒါ့ပြင် လျှပ်စစ်ရုံးမှ လျှပ်စစ်အခြားအဆင့်၀န်ထမ်းများကလည်း ကျန်ရှိနေသည့် မီတာခငွေကြေးများကို ယူ၍ ထပ်မံထွက်ပြေးသွားကြကြောင်း EPC...
ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ
By
YeYint Nge
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၁၈ ရက် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော် စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၄နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီမှ သေနတ်ထုတ်ပေးထားပြီး ရာအိမ်မှူး လုပ်နေသူ ဇော်ဝင်းထွန်းဆိုသူအား ၇၉ လမ်းထောင့်တွင် ပစ်ခတ်ရှင်းခင်းခဲ့ခြင်းဖြစ်ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။ " သူက ဆယ်အိမ်မှူးကနေ ရာအိမ်မှူးဖြစ်တာ မကြာသေးဘူး၊ သူ့ကို ၇၉ လမ်းရှိ ပညာပျိုးခင်း ထောင့်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ သူ့ဆီက လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၅ တောင့်၊ ငွေသားနဲ့ဖုန်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်၊ သူ့အလောင်းကို စစ်ကောင်စီက လာသယ်ပြီးစစ်ဆေးနေတေယ်လို့တော့သိတယ်"ဟု အောင်စည်တော်အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။ နောင်တွင်လည်း စစ်ကောင်စီအလိုကျ ပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေသည့် စစ်ကောင်စီဒေါက်တိုင်မည်သူကိုမဆို အောင်စည်တော်အဖွဲ့အနေဖြင့် ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။...
အာဆီယံက မြန်မာ့အရေးဝင်စွက်ခွင့်မရှိဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော
By
YeYint Nge
DVB | 28 February, 2023 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လက်မခံရုံနဲ့ အာဆီယံဟာ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရသွားတာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လမ်းဆုံးကိုရောက်နေပြီ ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်ကကျင်းပတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကြောင့် ပိုလို့ဆိုးဝါးစေခဲ့တာလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန်ကပြောပါတယ်။ မြန်မာနိုင်ငံသားတွေဟာ တခြားနိုင်ငံသားတွေလိုပဲ အရည်အချင်းရှိပြီး ကြိုးစားကာ စ...
မြစ်ကြီးနားမှာအမျိူးသမီးတဦးခေါင်းထိပြန်ပြီ
By
YeYint Nge
ပြင်သစ်နိုင်ငံသည် စစ်ကောင်စီကိုအသိအမှတ်မပြု
By
YeYint Nge
ပြင်သစ်နိုင်ငံသည် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ် မပြုကြောင်းနှင့် စီးပွားရေးပိတ်ဆို့မှုကို တိုးချဲ့ရန် စဥ်းစားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့ (မတ် ၂၂ ရက်) တွင် ထုတ်ပြန် လိုက်သည်။ ပြင်သစ်အထက်လွှတ်တော်၌ မြန်မာ့အရေးနှင့်ပတ်သက်သည့် မေးခွန်းတစ်ခုအပေါ် ပြင်သစ် နိုင်ငံရပ်ခြားကုန်သွယ်ရေးနှင့် စီးပွားရေး၀န်ကြီး Franck Riester က မတ် ၁၇ ရက်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပြင်သစ်အနေဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် အရာရှိ ၁၁ ဦးကို အရေးယူမှုတွင် ပါဝင်မည်ဖြစ်ပြီး ယင်းအရေးယူမှုကို ယနေ့ ချမှတ်မည်ဖြစ်သည်။ ထို့အပြင် ပြင်သစ်သည် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို တိုးချဲ့ရန်လည်း စဥ်းစားနေပြီး ယခုကဲ့သို့ အလွန်အန္တရာယ်များသော ကာလတွင် မြန်မာစစ်တပ်သို့ ငွေကြေး စီးဆင်းမှုဖြစ်စေသော လုပ်ရပ်များ အားလုံး ရပ်တန့်ရမည်ဖြစ်ကြောင်း Franck Riester က ပြောသည်။ အာဏာသိမ်းစစ်ကောင်စီအပေါ် ကမ္ဘာက တုံ့ပြန်မှုအဖြစ် စစ်တပ်ထံစီးဝင်နေသည့် ငွေနှင့် လက်နက် များကို ဖြတ်တောက်ပစ်ရမည်ဟု ကုလသမဂ္ဂ၏ မြန်မာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က တိုက်တွန်းထားသည်။ https://www....
မတ်တူးကားပေါ်မှလက်နက်လူများ
By
YeYint Nge
မန်းလေးတိုက်ပွဲ
By
YeYint Nge
ပြန်လာပါ GZ
By
YeYint Nge
လမ်းတလျောက်အကာအကွယ်တွေလိုက်ဖယ်ခိုင်းလို့ ဖယ်ပေးနေကြရတယ် လမ်းထဲကလူတွေခေါ်ဖယ်ခိုင်းတယ် ရန်ရှာခံအဖမ်းခံ ရတယ်၊ Gen Zတွေ ဟာအသေခံပြီးရပ်ကွက်အလိုက်လိုက်ပြီး ခုခံပေးနေတုန်းကဒီစည်းမကျိူးဖူး Gen LEE တွေဆဲလွှတ်လို့ စောလူးမင်းကိုလွှတ်ချသလို လွှတ်ချထားခဲ့ကြတာ Gen Z တွေပြန်လာနိုင်အောင် Gen lee စောက်ပေါက် တွေပိတ်ပေးကြပါ တပတ်နှစ်ပတ်လောက် တောင့်ခံပေးကြပါ မန်းလေးမှာဆိုအစစ်တွေနဲ့တောင် ပြန်တွယ်နေပြီ ရန်ကုန် ဘယ်လဲဘာလဲ....
မမိုးဝေကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မီးရှို့သတ်
By
YeYint Nge
ယင်းမာပင်၊ မြောက်နုံးရွာတွင် အသက် ၂၅ နှစ်အရွယ် မမိုးဝေကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မီးရှို့သတ်ဖြတ် အလောင်းဖျောက် ■ စိတ်ဝေဒနာရှင် ဦးဖိုးနီနှင့် အခြားပြည်သူတစ်ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ ရန်ကုန်၊ မတ် ၆ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ၊ ကျေးရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် အသက် ၂၅ နှစ်အရွယ် မမိုးဝေကို မုဒိမ်းကျင့် မီးရှို့သတ်ဖြတ် အလောင်းဖျောက်သွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် ထွက်ပြေးခြင်းမပြုနိုင်ဘဲ ပိတ်မိနေခဲ့သည့် စိတ်ဝေဒနာရှင် ဦးဖိုးနီကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ အခြားကျေးရွာသား ၁ ဦးကိုလည်း ပစ်ခတ်ပြီး နာရေးကားထဲသို့ ထဲထည့်၍ ကားရော လူပါ မီးရှို့သွားကြောင်း၊ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အသက် ၂၅ နှစ်အရွယ် မမိုးဝေကို စစ်တပ်က မုဒိမ်းကျင့်သွားခဲ့ကြောင်း၊ ယင်းနောက် မမိုးဝေကို မီးရှို့ သ...






Comments