မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်
By Prachatai ခေတ်သစ် တရားမဝင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ခရိုနီသဌေး ထွန်းမင်းလတ်နဲ့ စီးပွားရေးဆက်နွှယ်မှုများ မရှိကြောင်း ထိုင်းစစ်တပ် ခန့်အပ်ခံ အထက်လွှတ်တော်အမတ် ဥပကစ် ပချာရီရန်ကွန်းက လူသိရှင်ကြား အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ မကြာသေးမီက ထိုင်းလွှတ်တော်ဆွေးနွေး မှုအတွင်းမှာတော့ ၎င်းတို့အကြား စီးပွားရေးဆက်နွှယ်မှုများ ပေါ်ထွက်လို့ လာပါတယ်။ ဒီအကြောင်းတွေတဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လွှတ်တော်အစည်းအဝေးအတွင်း ထိုင်း Move Forward Party (MFP) အမတ် Rangsiman Rome က ဆွေးနွေးတင်ပြခဲ့တာပါ။ ၄င်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအနေနဲ့ အကျင့်ပျက်ခြစားနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အကျွမ်းတဝင် ဆက်ဆံနေပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောထားတဲ့ သူ့ရဲ့ကတိကို လျစ်လျူရှုခဲ့တယ် လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဥပကစ်ဟာ ထိုင်းအခြေစိုက် Allure Group (P&E) Co Ltd ရဲ့ တည်ထောင်သူလည်းဖြစ် အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်ခဲ့သူသာမက၊ ထွန်းမင်းလတ်နဲ့အတူ Myanmar Allure ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ကြောင်း Ran...



Comments