“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်
“ယူကရိန်း အတွက် လေယာဥ်တွေ ဂျာမနီအခြေစိုက် လေတပ်စခန်းကနေ တဆင့် ပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက် လက်တွေ့ အကောင်အထည် ဖော်ဖို့ခက်၊ ဘယ်လိုနည်းနဲ့ ယူကရိန်းလက်ထဲ ထည့်နိုင်မလဲ ဆက်ဆွေးနွေးကြမယ်” ဂျွန်ကာဘီ- ပင်တာဂွန်ပြောခွင့်ရ အမေရိကန် ကာကွယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပိုလန်က သူတို့ လေယာဥ်တွေကို ယူကရိန်းထံ တိုက်ရိုက် မဟုတ်ပဲ အမေရိကန်ဆီ လွှဲပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ဟာ လက်တွေ့ လုပ်ဆောင်ဖို့ရာ ခက်လှတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ပြောထားသလိုပါပဲ။ ပိုလန်ပိုင် လေယာဥ်တွေကို ယူကရိန်းကို ပေးဖို့ မပေးဖို့ဆိုတာ ပိုလန်အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်။ ပိုလန်ရဲ့ ကမ်းလှမ်းချက်ထဲမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဂျာမနီအခြေစိုက် အမေရိကန်/နေတိုး လေတပ်စခန်းကနေ တိုက်လေယာဥ်တွေ ပျံတက်ပြီး ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတာတွေကို အံတုဖို့ ပေးတယ် ဆိုတဲ့ ကမ်းလှမ်းမှုဟာ နေတိုး မဟာမိတ် တစ်ဖွဲ့လုံး အတွက် စိုးရိမ်မှုတွေ အလေးအနက် ပေါ်ပေါက်လာစေပါတယ်။ ပိုလန် အပါအဝင် တခြား နေတိုးအဖွဲ့ဝင် မဟာမိတ်တွေနဲ့ကြား ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေး ညှိနှိုင်းသွားပါ့မယ်။ လေယာဥ်တွ...



Comments