ပါးကွက်ကတော်လှန်ရေးသက်ေတလား😳

ပြည်ခရိုင်မှာ ဆိုင်ကယ်အနီမစီးရ၊ ဦးထုတ်အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီလိုက်ကြေညာ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း မြို့နယ်များတွင် ဒီဇင် ဘာလ ၁၇ရက်နေ့မှစ၍ဆိုင်ကယ်အနီမစီးရ၊ ဦးထုပ် အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီမှလိုက်လံကြေညာနေကြောင်း ဒေသခံများထံကသိရသည်။

"ကြေညာတာကတော့ ၁၇ ရက်နေ့က ညနေပိုင်းမှာ ကားနဲ့လိုက်ပြီးအော်တာ။ သူတို့ကြည့်ရတာ အစစ အရာရာအရမ်းကြောက်နေကြသလိုပဲ။ လုံခြုံရေးကလဲအပြည့်နဲ့ နေရာရာအနှံလိုက်ပြီးကြေညာနေတာ ကြေညာချက်တွေကတော့ အစုံပါပဲ ခုက မြို့စျေးသွားဝယ်ဖို့တောင် သူတို့ကြောက်နေရပြီ ဒါက ပြည်သူကို သက်သက် ဒုက္ခပေးနေကြတာပါ" ဟု   ပေါက်ခေါင်း ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောဘသည်။

အဆိုပါတားမြစ်ချက်များအပြင် ဆံထုံးမထုံးရ၊ ကတ္တီပါဖိနပ်မစီးရ စသည့် ကြေငြာချက်များလည်းပါဝင်ပြီး လိုက်နာခြင်းမရှိပါက ထောင်ဒဏ်ချမှတ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း ဒေသခံများကပြောသည်။

ပြည်ခရိုင်အတွင်း ၆ မြို့နယ်ရှိပြီး  ပြည်၊ ရွှေတောင်၊ သဲကုန်း၊ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်း စသည့်မြို့တွေမှာ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်ဖမ်းဆီးမှုတွေပိုများပြားလာပြီး ဒေသခံပြည်သူများအနေဖြင့် မြို့တက်စျေးဝယ်ယူရန်အခက်အခဲဖြစ်နေကြကြောင်း ဒေသခံများကပြောပြချက်အရ သိရှိရသည်။

#Ayeyarwaddy_Times


Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်