ရွှေလက်အိတ်နဲ့ ကော့ပြခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ မာတီနက်ဇ်

by Kaung Htet


အာဂျင်တီးနားဂိုးသမား အီမီ မာတီနက်ဇ်ဟာ ပြင်သစ်ပရိသတ်တွေက ၎င်းကို လှောင်ပြောင်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုဖလားအောင်ပွဲခံချိန်မှာ အံ့အားသင့်ဖွယ် ပြုလုပ်ခဲ့တဲ့ အပြုအမူကိုရှင်းလင်းခဲ့ပါတယ်။

မာတီနက်ဖ်ဟာ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ပင်နယ်တီ အဆုံးအဖြတ်စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး အချိန်ပိုမှာ မူအာနီရဲ့ အပိုင်ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့တဖြစ်ပါတယ်။ စင်မြင့်ပေါ်မှာ ဆုလက်ခံရယူပြီးနောက် အသက် ၃၀အရွယ် ဂိုးသမားက ရွှေလက်

အိတ်ဆုကို ပေါင်ခြံနားကို နှိမ့်ပြီး ပရိသတ်အုပ်စုရှိရာဘက်ကို ကော့ပြခဲ့တာဖြစ်ပါတယ်


မာတီနက်ဇ်ဟာ ပြင်သစ်အသင်းပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ရရှိခဲ့တာကြောင့် တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ အာဂျင်တီးနားရေဒီယိုဌာန La Red ကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အဲဒါကို လုပ်ခဲ့တယ်။ဘာလို့လဲဆိုတော့ ပြင်သစ်တွေက ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြလို့ပါ။ ဂုဏ်သိက္ခာက ကျွန်တော့်အတွက်အလုပ်မဖြစ်ပါဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်


မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ် အပြုအမူက ပွဲအပြီးမှာတင်မဟုတ်ခဲ့ဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန်မှာလည်း ဖြစ်ပျက်ခဲ့ပြီး ကင်းစလေ ကိုမန်းရဲ့ ကန်သွင်းကို ကာကွယ်နိုင်ခဲ့ပြီးနောက် အာဂျင်တီးနားဂိုးသမားဟာ ပုခုံးတွန့်ကပြပြီး ပြင်သစ်အသင်း ပရိသတ်တွေရဲ့ ဒေါသကို ဆွခဲ့သေးတာဖြစ်ပါတယ်


အီမီလီယာနို မာတီနက်ဇ်ဟာ ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ အာဂျင်တီးနားအသင်းဖော်တွေကို ပြင်သစ်တိုက်စစ်မှူးအတွက် တစ်မိနစ် ငြိမ်သက်ပေးဖို့ တောင်းဆိုခဲ့ပြီး အမ်ဘာပေကို လှောင်ပြောင်ခဲ့သေးတာဖြစ်ပါတယ်


မာတီနက်ဇ်ဟာ နီကိုလတ်စ် အော်တာမန်ဒီရဲ့ အင်စတာဂရမ် Live ထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းသားတွေဟာ ကမ္ဘာ့ဖလားအောင်ပွဲအတွက် သီချင်းတွေသီဆို အောင်ပွဲခံနေချိန်မှာ အာဂျင်တီးနားဂိုးသမားက ရပ်တန့်စေခဲ့ပြီး အမ်ဘာပေကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်


အာဂျင်တီးနားအသင်းသားတွေဟာ အောင်ပွဲခံနေချိန်မှာ အက်စတန် ဗီလာဂိုးသမားက ရုတ်တရက် ရပ်တန့်ခိုင်းခဲ့တာကြောင့် အံ့အားသင့်သွားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ဖို့ ပြောကြားခဲ့တဲ့အချိန်မှာ ဝမ်းသာအားရနဲ့ ဆူညံသံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES

PHOTOS CREDIT TO OWNERS
SPORTS A2Z

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်