Finlandization ဆိုတဲ့ ဝေါ ဟာရ

၁၉၃၉ မှာ ရုရှားဟာဖင်လန်ကိုဝင်တိုက်တယ်။ ဆောင်းရာသီ စစ်ပွဲလို့လူသိများတယ်။ အလွယ်ကလေးနဲ့ ဖင်လန်ကို သိမ်းလို့ရမယ်လို့ မျှော်လင်ခဲ့ပေမယ့် ထင်သလောက် မလွယ်ခဲ့ဘဲ ရုရှားတို့ဘက်က အတော်လေး ပျက်ဆီးဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်။ နောက် သုံးလ‌ခွဲလောက်ကြာတော့ မော်စကိုငြိမ်းချမ်း ရေးစာချုပ်နဲ့ စစ်ရပ်စဲနိုင်ခဲ့တယ်။


အဲ့ဒီနောက်ပိုင်း ဖင်လန်နိုင်ငံရေးသမားတွေကြားထဲမှာသူတို့ နိုင်ငံရဲ့ပထဝီမဟာဗျူဟာ တည်ရှိမှုနဲ့ပတ်သက်ပြီး အတော် လေး စဉ်းစားလာခဲ့တယ်။ ဖင်လန်နိုင်ငံဟာ ဆိုဗီယက် ရုရှားလို မဟာအင်အားကြီးနိုင်ငံဘေးမှာ တည်ရှိနေတဲ့အတွက် အဲ့ ဒီ အင်အားကြီးနိုင်ငံရဲ့ခြိမ်းခြောက်မှုက အမြဲရှိနေတယ်။ အဲ့ ဒီအတွက် ဒီခြိမ်းခြောက်မှုနဲ့နေထိုင်ရင်း သူ့နိုင်ငံရဲ့ အချုပ် အခြာအာဏာ မဆုံးရှုံးရအောင် နည်းလမ်းပေါင်းစုံနဲ့ ပါးပါး နပ်နပ်တည်ဆောက်ခဲ့ကြတယ်။


Jared Diamond ကတော့ သူ့ရဲ့ Upheaval ဆိုတဲ့ စာအုပ်မှာ ဖင်လန်ခေါင်းဆောင်တွေ ရုရှားခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ ဘယ်လိုမျိုး ပါးပါးနပ်နပ်နဲ့ နိုင်ငံကို တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို လေ့လာပြခဲ့တယ်။ အဓိကက နိုင်ငံကို နိုင်ငံရေး ကိုယ်ခံအားကောင်းအောင်တည်ဆောက်ခဲ့တယ်။ နိုင်ငံသား တွေရဲ့ စိတ်ထဲမှာ ဒါတို့ပြေ၊ ဒါတို့မြေဆိုတဲ့ သိမှုအားကောင်း လာအောင် Nation building ဖြစ်စဉ်ကို ခိုင်ခိုင်မာမာ တည် ဆောက်ခဲ့တယ်။


တဖက်ကလည်း နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေ၊ ပညာ ရေးနဲ့ စက်မှုလုပ်ငန်းတွေကို တိုးတက်ခိုင်မာအောင် တည် ဆောက်ခဲ့ကြတယ်။ အဲ့ဒီလို တည်ဆောက်ရင်းနဲ့ စစ်အေး ခေတ်ကာလထဲမှာ ရုရှားနဲ့အနောက်အုပ်စုကြားနှစ်ဖက်စလုံး မငြိုငြင်ဘဲ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် ပါးပါးနပ်နပ် နေခဲ့ရတယ်။ ဘယ်လောက်ထိ နေခဲ့ရသလဲဆိုတော့ ဖင်လန် ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပေမယ့် ဆိုဗီယက်အ လိုကျနေနေရတော့အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဟာ  ကိုယ့်မူဝါဒကိုယ့်ဘာသာလွတ်လွတ်လပ်လပ် မဖော်ဆောင် နိုင်ဘဲ အင်အားကြီးနိုင်ငံရဲ့အလိုကျနေနေရတဲ့အခြေအနေ မျိုးဆိုရင် ဖင်လန်ကိုညွှန်းဆိုပြီး Finlandization ဆိုတဲ့ ဝေါ ဟာရ ပေါ်လာတဲ့အထိပဲ။


ဒါပေမဲ့ ဖင်လန်ဟာ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံမဖြစ်ခဲ့ ဘူး။ ကိုယ့်အချုပ်အခြာအာဏာကို ကိုယ်ထိန်းနိုင်ခဲ့တယ်။ စစ်အေးကာလပြီးဆုံးတော့ လွတ်လပ်အမှီခိုကင်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင် ခဲ့တယ်။ ဒါဟာ ဖင်လန်နိုင်ငံရေးခေါင်းဆောင်တွေရဲ့အမျှော် အမြင်ကြီးမှုကြောင့်လို့ Jared Diamond က ချီးကျူးခဲ့တယ် 


ကျနော့်အမြင်ကတော့ ဖင်လန်နိုင်ငံဟာနိုင်ငံရေးကိုယ်ခံအား ကောင်းလို့ ဒီစိန်ခေါ်မှုကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာ လို့မြင်တယ်။ နိုင်ငံရေး ကိုယ်ခံအားကောင်းဖို့အတွက် နိုင်ငံ တော်နဲ့ လူ့အဖွဲ့အစည်းအကြား အကြားအလပ်မရှိ‌ တပေါင်း တစည်းတည်းဖြစ်အောင် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့တဲ့ နိုင်ငံတော်တည်ဆောက်ရေးဖြစ်စဉ်၊ ပြည်သူတွေကြားထဲမှာ လည်း ဒီနိုင်ငံ ဟာ ငါတို့နိုင်ငံ၊ ငါတို့ပြည်၊ ငါတို့မြေဆိုတဲ့ အသိစိတ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တဲ့ Nation- building ဖြစ်စဉ်တွေက အရေးကြီးတယ်လို့မြင်တယ်။


အခု ယူကရိန်းလဲ ရုရှား ကျူးကျော်စစ်ကို ရင်ဆိုင်ရာမှာ ရုရှားဩဇာခံနယ်တွေနဲ့ အက်ကြောင်းတွေရှိနေပေမယ့် နိုင်ငံ ရဲ့ အခြေခံနိုင်ငံရေးကိုယ်ခံအားကတော့ အတော်လေး အား ကောင်းတဲ့အတွက် ပြည်သူတွေကိုယ်တိုင် ရင်မြေကတုတ် လုပ်ပြီး ကျူးကျော်မှုကို ရင်ဆိုင်နေကြတာ တွေ့ရတယ်။ ဒါ ကြောင့် ပူတင်ကိုယ်တိုင်လည်း သူမမျှော်လင့်ထားတဲ့ ခုခံမှု ကို ရင်ဆိုင်ခဲ့ရတယ်။


အင်အားကြီးတိုင်းပြည်တွေကြားမှာ နေထိုင်ရတဲ့ နိုင်ငံငယ် တွေအနေနဲ့ ရပ်တည်ရှင်သန်နိုင်ဖို့အတွက် နိုင်ငံရေးကိုယ်ခံ အားကောင်းအောင်တည်‌ဆောက်နိုင်ဖို့အင်မတန်မှ အရေး ကြီးတယ်။ အဲ့ဒီလို အမျှော်အမြင်မျိုးမရှိဘဲ ကိုယ့်ပြည်သူကို ရန်သူပြန်လုပ်ပြီး သတ်ဖြတ်နေတဲ့သူတွေကြီးစိုးနေတဲ့ တိုင်း ပြည်မျိုးကတော့ ရေရှည်မှာ တိုင်းနိုင်ငံအနေနဲ့ ရပ်တည်ဖို့ တောင် ခက်မှာပဲ။

ကိုရဲ (USA)

Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ဗိုလ်ချုပ်အောင်သန်းထွဋ် လက်ရှိကြံ့ဖွတ်အမတ် သမီး နဲ့သမက်ကUS Citizen