သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြု

တစ်ရက်ကျော်အတွင်း ရုရှား သံချပ်ကာစီးရေ ၅၀၀ ကျော် ဖျက်ဆီးလိုက်နိုင်ကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန်


ယူကရိန်းနိုင်ငံသို့ ရုရှား၏ ကျူးကျော်တိုက်ခိုက်လာသည့် (၁)ရက်ကျော် ဖေဖော်ဝါရီ ၂၅)ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ခန့်မှန်းခြေ ရုရှားစစ်သား (၂၈၀၀)သေဆုံးပြီး ရုရှားစစ်တပ်၏  သံချပ်ကာ (၅၀၀)ကျော်ကို  ဖျက်ဆီးနိုင်ခဲ့သည်ဟု ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ထားကြောင်း တာချီလိတ်သတင်းဌာနက ဖော်ပြသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စ၍ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ကုန်းကြောင်း၊ လေကြောင်းဖြင့် ကျူးကျော်လာပြီး တိုက်ခိုက်လာသည့် ရုရှားစစ်တပ်၏ ခန့်မှန်းခြေ ရုရှားစစ်သား (၂,၈၀၀) သေဆုံးပြီး သံချပ်ကာ (၅၁၆)စီး၊ တင့်ကားအစီး (၈၀)၊ တိုက်လေယာဉ်(၁၀)စီး နှင့်  ရဟတ်ယာဉ် (၇)စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

လတ်တလောတွင် ဒုတိယကာကွယ်ရေးဝန်ကြီးက ရုရှားဘက်က သေဆုံးသူ နှင့် စက်လက်နက်ယန္တရား ပျက်စီးမှုများ၏ ခန့်မှန်းခြေကိုသာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယူကရိန်းဘက်က သေဆုံးထိခိုက်မှုကိုတော့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တစ်နေ့တည်း၌ သေဆုံးသူ (၁၃၇)ဦးနှင့် ဒဏ်ရာရရှိသူ (၃၁၆)ဦးစာရင်းသာ ထုတ်ပြန်ထားသေးသည်။

ယူကရိန်းဘက်သို့ ကျူးကျော် တိုက်ခိုက်လာသည့် စစ်လေယာဉ်နှင့်ရဟတ်ယာဉ်များကို ပစ်ချရာတွင် အချို့ လေယာဉ်များမှာ နေအိမ်များပေါ်သို့ ပျက်ကျသည့်အတွက် နေအိမ်မီးလောင်ပျက်စီးမှုများအထိ ဖြစ်ပေါ်ခဲ့ကြောင်း ယူကရိန်းမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ကျူးကျော်လာသည့် ရုရှားစစ်တပ်ဘက်က သေဆုံးသူများရှိသလို အရှင်ဖမ်းမိသူများကိုလည်း ယူကရိန်းစစ်တပ်က ထိန်းသိမ်းထားရှိသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

ရုရှားဘက်က ကုန်းကြောင်း၊ လေကြောင်းများဖြင့် အဆက်မပြတ် တိုက်ခိုက်လာမှုအပေါ် ယူကရိန်းစစ်သားများက  အနာဂတ်အတွက် တိုက်ပွဲဝင်နေပြီး သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြုကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီးကော့ဗ်က သတင်းထုတ်ပြန်ထားသည်။

ဒီမိုနွေဦး


Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း